ZAWGYI
"မားမားနဲ့ပါးပါးက ငယ်ငယ်ကတည်းက ဆုံးသွားပြီ"
ရှောင်းကျန့် ရင်ခွင်ထဲက ရိပေါ်က တိုးတိုးလေးပြောတယ် ။
"မားမားတို့ဆုံးသွားတော့ ဦးလေးမိသားစုနဲ့နေရတယ် ဒါပေမယ့်လေ သူတို့ကမကောင်းဘူး"
တရှုံ့ရှုံ့ငိုနေတဲ့ကောင်လေးကို ရှောင်းကျန့်က ကျောကလေးကို သပ်ပေးတယ် ။
"ကျွန်တော့်ကို ဒီမှာတစ်ယောက်ထဲနေခိုင်းတယ် "
"ရပြီဒီလောက်ဆို ကိုကိုသဘောပေါက်ပြီနော် ဆက်မပြောနဲ့တော့"
"ဟင့်အင်းပြောရမယ်.. ကိုကိုပြောတဲ့ ပိုက်ဆံတွေဆိုကလည်း ပါးပါးထားခဲ့တဲ့ ရှယ်ယာက အမြတ်ငွေတွေပါ
ကျွန်တော့်ကို ငွေပို့ရုံကလွဲပြီး ဂရုမစိုက်တဲ့ သူတို့မိသားစုအကြောင်းကို ကျွန်တော် ထုတ်မပြောချင်ခဲ့ဘူး""တောင်းပန်ပါတယ်"
ရှောင်းကျန့်က ရိပေါ်ကို တိုးကာဖက်လိုက်သည် ။ ဘယ်လောက်တောင် ပင်ပန်းနေခဲ့ရှာမလဲ
ဘယ်လောက်တောင် မေတ္တာငတ်နေခဲ့ရှာမလဲ"ကိုကို ဒီနေ့ကစပြီး ရိပေါ်ကို အဆုံးထိယုံကြည်ပေးမယ်နော် ဟုတ်ပြီလား
ကိုကိုတို့ နှစ်ယောက်ထဲ အတူတူနေကြမယ်""ဒါပေမယ့် ကိုကို့မိဘတွေက..."
"ပါးပါးတို့က နားလည်မှာပါ"
ရိပေါ်က မျက်ရည်တွေကိုသုတ်လိုက်ပြီး ရှောင်းကျန့်ကို ဖက်သည် ။
"ကိုကို့ကို ချစ်တယ်"
"အင်း...ကိုကိုကလည်း မောင့်ကို ချစ်တယ်နော်"
"ဗြုန်းစားကြီးလုပ်တာကောင်းပါ့မလား"
ချက်ချင်းဆိုသလို အိမ်လိုက်ကြည့်နေတဲ့ ကိုကို့ကို ရိပေါ် တိုးတိုးလေးကပ်မေးလိုက်သည် ။ သူ့အဖေကြီးက လွယ်တာမဟုတ်ဘူး
တော်ကြာ စရံချပြီးမှ မနေရဘူးဆိုပြီး ကန့်ကွက်နေဦးမယ်"ဒီနေ့လုပ်မယ့်အလုပ်ကို မနက်ဖြန်မဆွဲရဘူးတဲ့"
ကိုကိုကတော့ ခပ်ပြုံးပြုံးနဲ့ ပြန်ဖြေသည် ။ နောက်ဆုံးမှာတော့ ကိုကို့အလုပ်နဲ့ရော ရိပေါ်ရဲ့ ကျောင်းနဲ့ပါ အနည်းငယ်နီးသည့် ရပ်ကွက်တွင် တိုက်ခန်းလေးတစ်ခန်း ငှားဖြစ်ခဲ့ကြသည် ။
YOU ARE READING
ငါ့သမက်က ၀မ်ရိပေါ် ( ငါ့သမကျက ၀မ်ရိပေါ် ) COMPLETED
Fanfiction"မင်းကိုယ်မင်း ကံဆိုးလှပြီထင်နေလား ငါ့သမက်က ၀မ်ရိပေါ်ကွ" ထိုစဉ် အဖိုးကြီး ရှောင်းဟန့် သွေးအန်လေသတည်း ... "မင်းကိုယ်မင်း ကံဆိုးလှပြီထင်နေလား ငါ့သမက်က ၀မ်ရိပေါ်ကွ" ထိုစဉ် အဖိုးကြီး ရှောင်းဟန်႕သွေးအန်လေသတည်း ...