>202<[Zawgyi & Unicode]

2.7K 273 2
                                    

[Zawgyi]

လက်ခံပေးပါ

"သူမကို မရှာနိုင်ဘူး?" ယုံပီချီ သွားတို့အားကြိတ်ရင်း မေးလိုက်သည်။

"မဟုတ်ဘူး မဒမ်။ ကျွန်တော်တို့တွေ သူမအိမ်မှာကိုရှာမတွေ့တော့တာ"

သူမလုပ်လိုက်တဲ့အမှားကို သဘောပေါက်လိုက်ပြီး ခန်လင်းက သွားပုန်းနေတာဖြစ်လောက်မည်။ အကယ်၍ သူမကသာ အခုလိုပုန်းနေရင် ဖုန်းဟွေ့ချင် အစီအစဉ်တွေက ဘယ်လိုလုပ်မလဲ?

ထိုမိန်းမကြောင့် အစီအစဉ်တွေအားလုံးသည် ပျက်စီးသွားပြီမို့ ယုံပီချီသည် အလွန်ဒေါသထွက်နေ၏။

သူမစိတ်ကို ထိန်းရန် ယုံပီချီသည် အသက်ခပ်ပြင်းပြင်း ရှူလိုက် ပြန်ထုတ်လိုက်ကို ခနကြာသည်အထိ လုပ်နေလေသည်။ သူမပန်းတိုင်သည် ရှမိသားစုကို ဖျက်စီးပစ်ဖို့။ ယခုလောလောဆယ်တော့ ရှမေလင်းကို မချဉ်းကပ်နိုင်သေး အကြောင်းအရင်းကား လူထုသည် ရှမေလင်းကို အလွန်အာရုံစိုက်နေသောကြောင့် ဖြစ်၏။ "လုရီဖုန်းကိုဖမ်းဖို့ နည်းလမ်းရှာစမ်း"

"လုရီဖုန်း? သူ့ကိုဖမ်းဖို့ လွယ်မှာမဟုတ်ဘူးနော်"

"ဂရုမစိုက်ဘူး! ငါဖမ်းခိုင်းတဲ့ လူကိုဖမ်းရမှာ မင်းတို့အလုပ်ပဲ" သူမသာ လုရီဖုန်းကိုဖမ်းနိုင်ပါက ရှမေလင်းသည် သေချာပေါက် သူမဆီကိုကိုယ့်ခြေထောက်ဖြင့် ရောက်လာမည်ဖြစ်သည်။

ယုံဝေ့ချင်ကတော့ သူမကို သစ္စာဖောက်သွားခဲ့သည်။ ထိုလူအား ပြန်လည်းမဖမ်းစီးနိုင်သည်မို့ ဖန်ရှောင်ယောင်းမိဘတွေ၏ အလောင်းတွေကိုသာ လက်ဆောင်ပေးရန် ဆုံးဖြတ်လိုက်သည်။
-----------------------------------------
နျန်ကျယ်ကျန်းနှင့် ညစာအတူတူစားပြီးနောက်တွင်လည်း အချိန်အနည်းငယ် အားနေသေးသည်မို့ ဘားသို့ဝင်ရန် စိတ်ကူးလိုက်ကြသည်။ အနည်းငယ်သောက်ပြီးနောက် ရန်ရှီယွမ်သည် ရှမေလင်းအား messageတစ်စောင် ပို့လာလေ၏။

[သူမ အဲ့မှာရှိတုန်းလား?]

ရှမေလင်း မျက်တောင်အနည်းငယ်ခတ်လိုက်ပြီးနောက် သူ့messageကြောင့် ပြုံးလိုက်ကာ [ရှိတယ်]

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးNơi câu chuyện tồn tại. Hãy khám phá bây giờ