*ဟေ့...ဒီတစ်သက်မင်းအိမ်ရော မင်းပြန်အုံးမှာလား
ဟုတ်တယ်လေ လူကစိတ်တိုနေပါတယ်ဆိုခုနကကား
ပေါ်မှာလဲ ရန်ဖြစ်ပြီးပြီ လူကစိတ်ကသိပ်ကြည်သေး
သာမဟုတ်ဘူး အဲ့တာကိုကိုယ့်အိမ်ကိုမပြန်ဘဲနဲ့ လာပြီးသောင်တင်နေသေးတယ်*မင်းကလဲ ခနလေးပါ ငါ့အိမ်မှာဘယ်သူမှမရှိလို့
မင်းဆီမှာခနနေနေတာ ဒါလေများကပ်စေးကနည်း
နေသေးတယ်*ခါတိုင်းကရော မင်းအိမ်မှာဘယ်သူရှိလို့လဲ အပိုတွေ
လာပြောမနေနဲ့တော့ ပြန်ပါတော့ကွာ..တောင်းပန်ပါ
တယ်ဟုတ်ပြီလား တစ်နေ့လုံးပင်ပန်းနေတာ အိပ်တဲ့
အချိန်လေးတော့ အေးဆေးအိပ်ပါရစေညအိပ်ဝတ်လေးနဲ့ အခုမှရေချိုးပြီးလို့်လားမသိ
မွှေးကြိုင်တဲ့ရနံ့လေးနဲ့ နီရဲပြီးဥနေတဲ့ ဂျီမင်းရုပ်က
ကလေးတစ်ယောက်လိုအပြစ်ကင်းစင်နေသည်*အိပ်ချင်ရင် အိပ်လေ ငါနဲ့ဘာဆိုင်လို့လဲ
*ဘာလို့မဆိုင်ရမှာလဲ မင်းတစ်ယောက်လုံးငါ့အိမ်ပေါ်
ရောက်နေတာလေ အဲ့တာကိုငါကစိတ်ချချဘယ်လို
အိပ်နိုင်မှာလဲ*ဟေ့ ..ငါ့ရုပ်ကအဲ့လောက်တောင်ယုံချစ်စရာမကောင်းဘူးလား ဟေ့မင်းစကားပြောတာကြည့်ပြော
ငါလဲပိုက်ဆံရှိပါတယ်ကွ မင်းအိမ်ကပစ္စည်းတွေငါက
ဘာလုပ်ရမှာလဲ*မင်းကိုလဲ ဘယ်သူကငါ့ပစ္စည်းတွေကိုခိုးချင်နေတယ်လို့ပြောနေလို့လဲ သူ့ဘာသာ အိုးမလူံအုံပွင့်
နေပြီးတော့ လူကြားလို့တောင်မကောင်ဘူး*မနေစေချင်လဲ ပြန်မယ် သွယ်ဝိုက်ပြီးနှင်ထုတ်နေ
စရာမလိုဘူး*ဘယ်မှာ သွယ်ဝိုက်နေလို့လဲ ဒဲ့ပဲပြောတာ
*ပြန်မယ်..မနေဘူး လုံးဝမနေဘူး
အမလေး သူကပြောရတာရှိသေး
*ကြွကြွ...
တံခါးပေါက်ကိုမူတည်ပြီး အင်္ကျီတွေကိုကြမ်းကြမ်း
တမ်းတမ်းဆွဲယူနေတဲ့ ဂျောင်ကုပုံကတကယ့်ကိုစိတ်
တိုသွားသည့်ပုံ စိတ်တိုလဲမတတ်နိုင်ပေါင်သူများအိမ်
ကိုကိုယ့်အိမ်ကိုယ့်ယာလိုသဘောထားချင်တဲ့ဂျောင်
ကုကိုသူလက်လန်လွန်းသည်