Extra part 3

405 53 0
                                    

#Unicode#

ပြင်ဦးလွင်သို့သွားနေတဲ့ ကားလေးတစ်စီးမှာ တစ်ခြားအစီးတွေနဲ့မတူ၊ သီချင်းသံတွေ လွှမ်းမိုးနေတော့တယ်လေ။
နီနီခင်ဇော်ရဲ့ "Stand by me"သီချင်းလေးကို ဆိုငြီးကြရင်းပေါ့။

"အတားအဆီးတွေများတဲ့ ငါ့ဘဝထဲ
ဝင်လာပြီးတော့ငါ့ကိုချစ်ခဲ့တဲ့သူ Baby
အမြဲတမ်းလိုငါငိုကြွေးဝမ်းနည်းနေလည်း
ရှင်သန်ဖို့အတွက် မင်းတကယ်ပေးခဲ့အားတွေနဲ့
အို... ခရီးဆက်မယ် ဟိုး... အဝေးဆုံးထိ
အတူရွက်လွှင့်မယ် ကို့ကမ္ဘာငယ်ထဲ
I'm not da perfect without you
You're my reason, I love you
Oh! You are my sunshine through the sky
You are the one who makes me feel
Thank you baby, Just stand by me"

မြင့်မြတ်သူတစ်ယောက် သီချင်းတွေ သီဆိုရင်းပျော်နေတော့သည်။
ဘေးကကားမောင်းနေတဲ့ အောင်နိုင်သူမှာတော့ မြင့်မြတ်ကိုကြည့်ရင်း ပြုံးနေလေသည်။

"ကို ဒီသီချင်းကြိုက်တယ်မလား"ဟု မြင့်မြတ် အောင်နိုင်သူဘက်လှည့်လိုက်ကာ ရုတ်တရက်ပြောလိုက်လိုက်တော့သည်။ အောင်နိုင်သူမှာ ဘာပြောရမှန်းမသိ ဖြစ်သွားလေတော့သည်။

"ကြိုက်တော့ကြိုက်ပါတယ်...ဘာဖြစ်လို့လဲ"

"အဲ့တာဆို အတူတူဆိုကြမယ်လေ"

"ဟာ ချစ်ကလည်း ကိုမှမဆိုတတ်တာ"

"ဟာ မရဘူးကွာ ဆိုရမယ်"

"ချစ်ကလည်း က်ုမှမဆိုတတ်တာကို"ဆိုပြီး အောင်နိုင်သူ ရယ်ကာပြောလိုက်သည်။

"မရဘူး သီချင်းကလာတော့မှာနော်၊ ကိုဟိုနေ့ကရေချိုးခန်းထဲမှာ သီချင်းဆိုတာ ကြားရတယ်နော်"

"ဟုတ်လို့လား"

"ဟာ မြန်မြန်လုပ်၊ မဆိုရင် စိတ်ဆိုးပလိုက်တော့မှာနော်"

"အင်း ပါဆိုပါ့မယ်နော် စိတ်တော့မဆိုးပါလိုက်နဲ့ဗျာ"

"ဟုတ်ပြီ လာတော့မယ် 1....2....3"

"အားလုံးပြီးဆုံးချိန်တွေထိ အနားအမြဲရှိချင်ပေးသူ
ဘယ်သူနဲ့မှ အစားထိုးမရနိုင်ဘူး
စိတ်ညစ်ခဲ့တဲ့အချိန်တွေတိုင်း
မင်းကငါ့လက်ကလေးကိုင် Always saying, You have me, Baby.
အို... ခရီးဆက်မယ် ဟိုး... အဝေးဆုံးထိ
အတူရွက်လွှင့်မယ် ကို့ကမ္ဘာငယ်လည်း
I'm not da perfect without you
You're my reason, I love you
Oh! You are my sunshine through the sky
You are the one who makes me feel
Thank you baby, Just stand by me"

If(အကယ်၍...)/{complete}Donde viven las historias. Descúbrelo ahora