>203<[Zawgyi & Unicode]

2.6K 275 1
                                    

[Zawgyi]

နှစ်ယောက်တည်းပြောလို့ရမလား?

နျန်ကျယ်ကျန်း နှလုံးသားလေးသည် တချိန်လုံး အဆက်မပြတ် တုန်ခါနေပေမယ့် ရန်ရှီယွမ်ဒူးထောက်ကာ လက်စွပ်တစ်ကွင်းဆွဲထုတ်သည်ကို မြင်လိုက်သည့်အခါတွင်တော့ ကောင်းကင်တစ်ခုလုံး သူမပုခုံးပေါ်သို့ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။ သူ ဘာပြောလိုက်တာလဲ?

ရန်ရှီယွမ်သည် သူမကိုပြုံးပြနေကာ အဖြေကိုစောင့်နေသည့်အလား မတ်တပ်ရပ်လိုက်ပြီး "နျန်ကျယ်ကျန်း ကိုယ့်ကိုလက်ထပ်ခွင့်ပေးပါ"

ဘားတစ်ခုလုံးကို နျန်ကျယ်ကျန်း ဝေ့ပတ်ကြည့်လိုက်ချိန်တွင် လူတိုင်းသည် အဖြေကို စောင့်နေကြသည်ကို တွေ့လိုက်ရ၏။ ဖုန်းကင်မရာတွေနှင့် သူမတို့အား ချိန်ရွယ်ထားသည်ကို မြင်လိုက်ရသည့်အခါ နျန်ကျယ်ကျန်းသည် စိတ်လှုပ်ရှားလာလေသည်။

တကြောင်းတည်းဖြစ်နေပြီဖြစ်သော နှုတ်ခမ်းတို့နှင့် လီပင်းပင်းသည် ရန်ရှီယွမ်အားကြည့်ကာ အဖြေမပေးတော့ဘဲနှင့် ဖက်လိုက်လေ၏။

လူတိုင်းသည် လက်ခုပ်သြော်ဘာချီးမြင့်ကြသလို တချို့သော ရန်ရှီယွမ်၏ ပရိသတ်များကတော့ အသည်းကွဲသွားကြ၏။ သူတို့idolအတွက် ပျော်ရွှင်ပေမယ့်လည်း ထိုသူသည် လူလွတ်တစ်ယောက်မဟုတ်တော့သည့် အမှန်တရားကြောင့်လည်း နာကြင်နေကြလေသည်။

ထိုမြင်ကွင်းကြောင့် ရှမေလင်း မကူမကယ်နိုင်စွာပင် ရယ်လိုက်ပြီး "ကျွန်မ နိုင်တယ်"

"မပြီးသေးဘူး" လုရီဖုန်း ဟန်လုပ်ပြုံးလိုက်၏။ စစချင်းတုန်းကတော့ သူ့ဇနီးပဲသေချာပေါက် နိုင်လိမ့်မည်ဟု သူထင်ထားပေမယ့်လည်း ယခုအခါသည် လက်ထပ်ခွင့်တောင်းခြင်းဖြစ်တာမို့ ကစားပွဲခေါင်းစဉ်သည် ပြောင်းလဲသွားပြီဖြစ်၏။

"မပြီးသေးဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ? ကြည့်လေ ရန်ရှီယွမ်က သူမလက်ပေါ်တောင် လက်စွပ် စွပ်ပေးနေ..." နျန်ကျယ်ကျန်းနှုတ်ခမ်းပေါ်မှ ခပ်တောင့်တောင့်ဖြစ်နေသော အပြုံးကိုမြင်လိုက်ရသည့်အခါ ရှမေလင်း စကားစတို့ပြတ်သွားလေသည်။

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးDonde viven las historias. Descúbrelo ahora