Prologue

151 3 0
                                    

သူ…

တစ်နည်းအားဖြင့် ကျနော့်ရဲ့ ညီ မိုးမြင့်မောင်ဟာ ကျနော့်စိတ်ထဲ နက်ရှိုင်းစွာ ခတ်နှိပ်ထားတဲ့ ဒဏ်ရာ တစ်ခုပဲ။

ငယ်ငယ်တည်းက ကျနော်ဟာ သူ့ကို အရာရာ ရှုံးနိမ့်ခဲ့တယ်။

အရည်အချင်း ရုပ်ရည် အားလုံးဆီက အချစ်တွေ…

စိတ်နေစိတ်ထားကအစပေါ့။ ကျနော်က သူ့လိုတောင် သဘောထား မကြီးနိုင်ခဲ့ဘူး။

တစ်နှစ်ထဲကွာလို့ မင်းက ညီလေးကို စောင့်လိုက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူ့ကို စောင့်ပြီးမှ အတူတူ ကျောင်းစတက်ရတယ်။

ငယ်ငယ်ကတည်းက ချီးကျူးခံရတာကို ကြိုက်တဲ့ ကျနော် စာမှာ ထိတ်တန်းဖြစ်ဖို့ အသေကြိုးစားခဲ့တယ်။

ဒါပေမဲ့ ပြန်ရလိုက်တာက မင်းညီလေးလို သိတတ်လိမ္မာစမ်းပါ တဲ့။

ဟုတ်တာပေါ့…စာမတော်ပေမဲ့ မိဘတွေကို အားတိုင်း ကူကူလုပ်ပေးတဲ့ သူဟာ ခိုင်းမှ လုပ်ပေးတဲ့ ကျနော့်ထက် လိမ္မာတာပေါ့။

စာမှာ အရမ်းမတော်ပေမဲ့ အားကစားမှာ တော်တဲ့ သူ့ကို မိသားစု အသိုင်းအဝိုင်းက ယောကျာ်းသားတွေက သဘောကျကြတယ်။

လှုပ်ရှားရတာ မကြိုက်တဲ့ ကျနော်ကတော့ သူတို့မျက်လုံးထဲ မှာတော့ လူမမာပေါ့။

ငယ်ငယ်တုန်းက ဆင်သလို ဖြစ်ခဲ့တဲ့ ရုပ်ရည်ကလဲ ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း ကွာခြားလာတယ်။

မျက်နှာက v shape သဏ္ဍာန်ကိုမှ စူးရှရှမျက်ဝန်းတွေနဲ့ သူဟာ မျက်လုံးကို မှေးလိုက်ပြီး ပျင်းရပုံပေါက်နေတာတောင် ကြည့်ကောင်းနေပြန်တယ်။ နှာတံခပ်စင်းစင်း ပန်းနုရောင် နှုတ်ခမ်းဖောင်းဖောင်းလေးနဲ့ ရှည်လျားတဲ့ မျက်တောင်တွေ ပါတာတောင် ဘာလို့ သူက ယောက်ျားပီသနေရတာလဲ…

ပုံမှန်နေရင်တောင် ပြုံးသယောင် ဖြစ်နေတဲ့ နှုတ်ခမ်းတွေနဲ့ သူ…ကျနော်ကတော့ ဆန့်ကျင့်ဘက် ဖြစ်လာခဲ့တယ်။

ဝိုင်းလဲ မဝိုင်းသလို ချွန်လဲ မချွန်တဲ့ (ဘာပုံမှန်း မသိတဲ့)မျက်နှာကျ။ မို့နေတဲ့ မျက်ခွံတွေနဲ့ မှေးနေတဲ့ မျက်ဝန်းတွေက အလိုလိုနေရင်းနဲ့ စိတ်ဓာတ်ကျနေတဲ့ ပုံပေါက်နေတယ်။ လုံးနေတဲ့ နှာတံ ခပ်ပါးပါးနှုတ်ခမ်းဟာလဲ အလိုလို နေရင်း မဲ့တဲ့ပုံ ပေါက်နေတယ်။

ပုံမှန်နေတဲ့ ရုပ်ကို ကြည့်ရင်းနဲ့တောင် လူတွေက ရှောင်ဖယ်ဖယ် လုပ်ကြတယ်။ သူများတွေကို အထင်သေးတဲ့ ပုံနဲ့ ကြည့်လို့တဲ့။(မွေးကတည်းက ပါလာတဲ့ ရုပ်ကို ဘယ်တတ်နိုင်မလဲ)

အားကစားလုပ်လို့ ရှည်လာတဲ့ သူ့အရပ်နဲ့ အထိုင်သမားကျနော်က တဖြည်းဖြည်းကွာလာတယ်။

အလိုက်သိလို့ မိဘတွေဆီက ရတဲ့ အချစ်တွေ။(အမေတို့ ဖြစ်စေချင်တာကို ဖြစ်ဖို့ ကြိုးစားနေတဲ့ ကျနော်ကတော့ အလိုက်ကန်းဆိုးမသိကြီးပေါ့)

ခပ်တည်တည်နေတဲ့ ကျနော်ထက် ဟာသတွေ ပြောတတ်တဲ့ သူ့အနားမှာပဲ အတန်းဖော်တွေ ဝိုင်းနေတတ်တယ်။(ရှက်တတ်ပြီး လူကြောက်တဲ့ ရောဂါရှိတဲ့ ကျနော့်ကိုတော့ ဘယ်သူမှ မဖက်လုပ်မမေးခဲ့ဖူးဘူး)

နောက်ဆုံး သည်းမခံနိုင်တော့လို့ အနိုင်ကျင့်တော့ အမြဲ ခိုင်းတာ လုပ်ပေးတဲ့ သူ့စိတ်ထားကြောင့် ထပ်ပြိုလဲရပြန်တယ်။ (သူ့လောက်တောင် သဘောထား မကြီးနိုင်ခဲ့လို့)

အရာရာ အနှိုင်းယှဉ်ခံနေရတာကို မုန်းတယ်။

သူ့ထက် နိမ့်ကျတယ်လို့ ခံစားနေရတာကို မုန်းတယ်။

သူရဲ့ 'အကိုသော်' လို့ ခေါ်တဲ့ အသံကို မုန်းတယ်။

သူနဲ့ ပတ်သက်လာရင် အမြဲ အလျှော့ပေးမိနေတဲ့ မမုန်းနိုင်တဲ့ ကျနော့်နှလုံးသားကိုလဲ…မုန်းတယ်။

_________________

_________________

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မိုးမြင့်မောင်

မိုးမြင့်မောင်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မိုးစက်သော်

သူတို့နဲ့ ဆင်တာလေးတွေ ရွေးထားတာပါ။

ဒီဇာတ်လမ်းလေးက ဖြစ်ရပ်မှန်တစ်ခုကို အခြေခံရေးထားတာပါ။ ညီအစ်ကိုနှစ်ယောက်က မဖြစ်သင့်ဘူးလို့ ထင်တဲ့ သူတွေ မပူပါနဲ့ ညီအစ်ကိုအချင်းချင်း ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး…

You've reached the end of published parts.

⏰ Last updated: Jul 08, 2020 ⏰

Add this story to your Library to get notified about new parts!

C.U.R.S.EWhere stories live. Discover now