အနီရောင်တိမ် တိုက်ကြီးပေါ်ရှိ နတ်ဘုရားအလင်းဂိုဏ်းရဲ့တောင်ထွဋ်တစ်ခုဖြစ်တဲ့ မီးလျှံတောင်ထိပ်ပေါ်တွင်ဖြစ်သည်။ ပိုင်ဟွာတစ်ယောက် အခန်းပိတ်ကျင့်ကြံရန်အပစ်ပေးထားသည်ကို မလေ့ကျင့်ဘဲတောင်အောက်ခိုးဆင်းသွားတဲ့ လီချင်ရန်ကြောင့် ဒေါသတွေပေါက်ကွဲနေပါတယ်။
'အခုချက်ချင်းသွားရှာလာပြီး လီချင်းရန် ကိုဆွဲခေါ်လာခဲ့'ပိုင်ဟွာပြောလိုက်သည်၊ ပိုင်ဟွာရဲ့ဒေါသစက်ကွင်းမိမှာကြောက်တဲ့ တပည့်များကလည်း 'ဟုတ်ကဲ့ပါ ဆရာသခင်'ဟုပြောပြီး နောက်ကနေကျားလိုက်သည့်အလား လီချင်းရန် ကိုရှာရန်ထွက်သွားကြသည်။ စိတ်ထဲကလည်း လီချင်းရန်ကို ကျိန်ဆဲနေကြသည်။ လီချင်းရန်၏ ကျင့်ကြံခြင်းမှာမဖြစ်မြောက်သော်လည်း သူသည် ဆရာသခင်၏ အချစ်တော်လေးဖြစ်သည် ၊ သူနည်းနည်းလောက်ချော့လိုက်သည်နှင့် ဆရာသခင်ပိုင်ဟွာမှာ စိတ်ဆိုးပြေသွားမည်ဖြစ်သော်လည်း ကြားထဲက အထောင်းခံရတဲ့သူတို့ကမသက်သာပါ။
ကျင်းမြို့ရှိ ပန်းလေးများဂေဟာရဲ့အထူးခန်းတွင် လီချင်းရန် သူ့ရှေ့တွင်တီးခပ်နေတဲ့ မိန်းမပျိူ လေးရဲ့ ကုချင်းသံစဉ်ကို နားထောင်ရင်း သူ့ဘေးရှိမိန်းမပျိူ လေးကို စနောက်ကျီစယ်နေသည်။ ထိုစဉ် လီချင်းရန် ဆရာတူအကို၂ ကအခန်းတံခါးကို ကန်ဖွင့်လိုက်ပြီး သက်ပျင်းချကာ 'လီချင်းရန် ဒီလောက်ဆိုတော်လောက်ပြီ ဂိုဏ်းကိုပြန်ချိန်ရောက်ပြီ ' ဟုပြောလိုက်သည်။လီချင်းရန်မလိုက်ဘူးဟုပြောချင်သော်လည်း သူသာပြောလိုက်ရင် ထရိုက်မည့်အသွင်ရှိတဲ့ ဆရာတူအကို၂ ကိုကြည့်လိုက်ပြီး မိန်းမပျိူ လေးများကိုမကြာခင်ပြန်လာခဲ့မည်ဟုနုတ်ဆက်လိုက်ပြီး သူ့ဆရာတူအကိုကိုကြည့်ကာ သွားရအောင်ဟုပြောလိုက်သည်။လင်းရှောင်သည် ဘာစကားမှမပြောတော့ဘဲ ဓားပ်ံကိုထုတ္ကာ လီချင်းရန် ကိုခေါ်ပြီးဂိုဏ်းရှိရာသို့ ပျံသန်းလိုက်သည်။မီးလျှံတောင်ထွဋ်ပေါ်တွင်ဖြစ်သည်။
'ဒူးထောက်ထား မင်းကိုငါမဆုံးမလို့မရတော့ဘူး တနေ့တခြားမင်းပိုပိုဆိုးလာတယ် ငါ့စကားတောင်နားမထောင်တော့ဘူးပေါ့ဟုတ်လား ' သူ့ဆရာတစ်ကယ်ဒေါသထွက်နေမှန်းသိလို့ လီချင်းရန် အခုချိန်မှာတိတ်တိတ်နေတာအကောင်းဆုံးမှန်းသူသိသည်။
ထိုစဉ် ဂိုဏ်းသားငယ်လေးတစ်ယောက် ခန်းမသို့ဝင်လာပြီး ပိုင်ဟွာကိုအရိုအသေပေးကာ 'တောင်အရှင် ဆရာသခင် ဂိုဏ်းချူ ပ္က အရေးကြီးကိစ္စပေါ်လာလို့
အခေါ်လွတ်လိုက်ပါတယ် ' ကောင်းပြီငါလာခဲ့မယ် သွားနှင့် 'ပိုင်ဟွာပြောလိုက်သည်။ ထို့နောက် ဒူးထောက်နေတဲ့သူ့တပည့်ကိုကြည့်ပြီး ငါပြန်လာမှမင်းကိုအပြစ်ထပ်ပေးမယ်'လို့ပြောပြီး သူတို့ဂိုဏ်းရဲ့ မူလတောင်ထွဋ်ဆီသို့သွားလိုက်တယ်။