ဆိုင်ကောင်းကောင်းမှာဝင်ထိုင်ပြီးနေ့လယ်စာကို ကိုယ်ရံတော် Kim နဲ့နှစ်ယောက်အတူစားသောက်ခဲ့ကြသည် စိတ်ညစ်တာတွေပျောက်ကုန်သည်အထိ Baekhyun တစ်ယောက်အပျော်လွန်နေခဲ့သည်
"ကြင်ယာတော်လေး မိုးလည်းချုပ်တော့မှာဆိုတော့ ပြန်ဖို့သင့်လှပါပြီ"
"အင်းပြန်ရအောင်"
🏰🏰🏰🏰🏰🏰🏰🏰🏰🏰🏰
"ဒီနေ့သွားခဲ့တာတွေကို Yeolကိုမပြောနဲ့နော် ကိုယ်ရံတော် Kim"
"ဟုတ်ကဲ့ မပြောပါဘူး နောက်တစ်ခါဒိလိုမလုပ်ဖို့သာကတိပေးပါ"
"နောက်တစ်ခါလည်း ကိုယ်ရံတော် Kim လိုက်ခဲ့...."
တံခါးတော်ဖွင့်တာဂျီဟိုတို့လင်မယားနှစ်ယောက်အထင်ဖြင့်လှည့်မကြည့်ခဲ့
"မင်းကြီး"
"အင်းမင်းကြီး ဟမ် ဘယ်သူ"
နောက်ကိုလှည့်ကြည့်မိတော့သည် ဒေါသတြွေပည့်နက်နေတဲ့မျက်နှာဖြင့်ကြည့်နေသည့် သူ၏ Yeol
"သာယာခဲ့ကြရဲ့လား ဟင်း"
မဲ့ပြုံးနှင့်မေးလာသည့် Chanyeol
"တောင်းပန်ပါတယ် ကျွန်တော်မျိုးကတားရမှာမှန်းသိပေမယ့် ခွင့်ပြုပေးခဲ့လို့တောင်းပန်ပါတယ် ကျွန်တော်မျိုးကိုအပြစ်ပေးပါ"
"မ..မဟုတ်ဘူး Yeol ငါကိုယ်တိုင်သူကိုခေါ်ခဲ့တာပါ ငါမပြန်ချင်သေးဘူးလို့ပြောပြီး ကိုယ်ရံတော် Kim ကိုလိုက်ပို့ခိုင်းခဲ့တာပါ ငါအပြစ်ပါ ငါကိုပဲအပြစ်ပေးပါ"
"ဟင်းးး အဲ့လောက်တောင် အပြစ်ခံယူချင်နေတယ်ပေါ့"
"......."
"အကုန်ထွက်သွား"
".................."
"ငါပြောနေတာမကြားကြဘူးလား ထွက်သွား"
"အမိန့်တိုင်းပါ"
"လာခဲ့"
လက်ကိုဆောင့်ဆွဲပြီးခေါ်သွားသည့် Chanyeol ဒေါသအင်မတန်ကြီးတတ်မှန်းလည်းသိသည် သို့သော်တစ်ခါမှဒီလောက်ဒေါသထွက်တာမမြင်ဘူးပေ
"တော်တော်ပျော်ခဲ့လား ငါမရှိတဲ့အချိန်ငါ့နောက်ကွယ်မှာပျော်ပါးနေကြတယ်ပေါ့ ဟမ်"
YOU ARE READING
Fanficမင်းကိုချစ်လွန်းလို့အရာအားလုံးကိုစွန့်ပစ်ခဲ့တာလေ ငါပြန်ရခဲ့တာဘာရှိလဲ မင်းအမုန်းတွေကြည့်ပဲ မင်းကိုအရမ်းချစ်တယ် အရမ်းလည်းမုန်းတယ် Byun Baekhyun မင်းကငါ့ရဲ့အခင်ဆုံးသူငယ်ချင်းပဲ သူငယ်ချင်းဆိုတဲ့စည်းကိုကျော်ခဲ့တာမင်းပဲ မင်းကိုငါမချစ်ဘူး Baekhyun Park Cha...