တခါတုန်းက တိုင်းပြည်တခုမှာကြင်နာတတ်တဲ့ဘုရင်ကြီးတပါးရှိသတဲ့။ဒါပေမယ့်သူဟာ တဦးတည်းရှိတဲ့သူ့ရဲ့သားတော်လေးနဲ့ပတ်သက်ပြီး အမြဲတစေစိုးရိမ်ပူပန်နေရတယ်တဲ့။အကြောင်းရင်းကတော့ သူ့သားတော်လေးမှာသူ့ထက်တောင်ပိုရှည်တဲ့ မုတ်ဆိတ်မွေးအရှည်ကြီးရှိနေတာကြောင့်ပါပဲ။
"သားတော်ရဲ့မုတ်ဆိတ်ဟာ ဒဏ္ဍာရီထဲက ရက်ပန်ဇယ် လိုများဖြစ်လာရင်ဘယ့်နှယ်လုပ်ရမလဲဟင်"
အသက်၁၆နှစ်ရှိနေပြီဖြစ်တဲ့ မင်းသားလေး အဲလ်ဘတ် ကသူ့ရဲ့မေးစေ့ကနေ၀မ်းဗိုက်နားထိအောင်နက်မှောင်ရှည်လျားနေတဲ့မုတ်ဆိတ်ရှည်တွေကိုပွတ်သပ်ရင်း သူ့ဖခင်ဘုရင်ကြီးကိုမေးခွန်းထုတ်လိုက်တယ်။
"ကောင်းတာပေါ့ သားရယ်"
သူအဲ့လိုမေးလိုက်တိုင်း ဘုရင်ကြီးဟာဖြူဖွေးနေတဲ့သူ့ရဲ့မုတ်ဆိတ်အတိုလေးကိုပွတ်သပ်ရင်း အဲ့သလိုပဲပြန်ဖြေတတ်တယ်။အမှန်တကယ်တော့ဘုရင်ကြီးကသူ့သားတော်လေးရဲ့မုတ်ဆိတ်ရှည်ရှည်နက်နက်တွေကို အားကျနေတာဘယ်သူမှမသိရှာဘူး။
နန်းတော်ထဲမှာရှိတဲ့အတော်ဆုံးသမားတော်တွေလည်း မင်းသားအဲလ်ဘတ်ရဲ့မုတ်ဆိတ်ကိုလက်လျှော့ထားကြရတယ်။တနှစ်ကိုတလက်မရှည်ထွက်လာတတ်တဲ့ဒီမုတ်ဆိတ်တွေဟာ မင်းသားလေးရဲ့အသက်၁၀နှစ်ပြည့်မွေးနေ့မှာပဲ ဝုန်းဒိုင်းဆိုပြီးရုတ်တရက်ကြီးမျက်နှာပေါ်ရောက်လာကြတာပဲ။
"ဗြဲ ဒါကြီးရိတ်ပေး"
ဖြူဖွေးနုထွတ်နေတဲ့မျက်နှာချောချောလေးပေါ်ညတွင်းချင်းအမွေးတွေရောက်လာတာကို တော်၀င်ကြေးမုံမှန်ပုံရိပ်ကတဆင့်မြင်လိုက်ရတဲ့ အဲလ်ဘတ်ပေါက်စလေးဟာ သူရဲ့ဘောင်းဘီထဲကိုရှုးပေါက်ချမိလုမတတ် တုန်လှုပ်သွားရှာတယ်။
"ရက်စ် အိုကေ"
အနားမှာအသင့်ရှိနေကြတဲ့အထိန်းတော်မလှလှတွေက ဒီမုတ်ဆိတ်တော်ကြီးကိုရိတ်တော်မူလိုက်ကြတယ်။မင်းသားလေးက အမွေးကင်းစင်သွားတဲ့သူ့ရဲ့မျက်နှာချောချောလေးကိုတဖန်ပြန်မြင်လိုက်ရတဲ့အချိန် ထွက်လုခါနီးရှုးတချို့သိုသိုသိပ်သိပ်ပြန်၀င်ကုန်ကြတယ်။
YOU ARE READING
Sunday Story (တနင်္ဂနွေပုံပြင်ပေါင်းချုပ်)