S groupနဲ့ ဆက်စပ်ရာ ကုမ္ပဏီတွေရဲ့ CEOပေါင်းများစွာ အခန်းတွင်းသို့နေရာယူနေကြသည်။
ထိုထဲမှ အထင်ရှားဆုံးဖြစ်သူမှာ အသက်၃၅အရွယ်
ဦးစေသုဉာဏ်...။
၆ပေထက်အနည်းငယ်ကျော်တဲ့အရပ်အမောင်းနဲ့မြန်မာဆန်တဲ့အသားအရေညက်ညက်ကြောင့် အမျိုးသမီးတွေအကြားမှာ နာမည်ကြီးသူ မျက်လုံး မျက်ခုံးကောင်းကောင်းကြောင့် အကြည့်တစ်ချက်တွင် သေလို့ရသည် ဟူသောလူစားမျိုး။ လိုချင်တဲ့အရာကိုမရရအောင်ယူတတ်တဲ့အကျင့်ကြောင့် CEOအများစု က စေသုဉာဏ်နှင့် ထိပ်တိုက်မတွေ့မိအောင် အမြဲရှောင်ကြသည်။
နောက်တစ်ယောက်မှာတော့ ၂၅နှစ်သာရှိသေးတဲ့
ခွန်အားလျန် ့..။ဦးစေသုဉာဏ်ရဲ့ အသည်းအသက်ကလေးဖြစ်ကြောင်း လူတကာသိပေမဲ့ ကိုယ်တိုင်သာမသိဘဲ ပါးချိုင့်ေလးခွက်ေနေအာင်ပြံုးရင်း ကျားဂူထဲဝင်ဝင်တိုးကာ အစာလုတတ်သူ။
၃၁ဘုံမှာငတုံးအကျဆုံးလို့ပြောရလောက်အောင် အချစ်ရေးနှင့်ပက်သက်သော experienceမှာ 0%..။
အလယ်တန်းအရွယ်ခန့်တွင် အတန်းတူ တရုတ်မလေးထံမှ အငြင်းခံရပြီးကတည်းက မိန်းကလေးတွေကိုစိတ်နာသည်ဟုဆိုသူ။
အရပ်၅ပေ၄ခန့်ရှိပြီး S group လက်အောက်က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုဦးစီးပြီး ချောမောမှုနှင့်မလိုက်ဖက်လွန်းစွာ ကွယ်ရာတွင်ဆိုးသွမ်းလွန်းသူ။"အားလျန့် ! မင်းကို မင်းဘဲကြီးကကြည့်နေတာကြာပြီနော် ဘာလို့လဲမသိဘူး ငါတောင်ကျောချမ်းတယ်"
"သူ့အကွက်တွေ ငါဝင်စားမှာစိုးလို့နေမှာပေါ့ကွာ နေစမ်းပါဦး အဲ့ဒီဘဲကြီး ဘဲကြီး ဆိုတာကြီးမသုံးစမ်းပါနဲ့ သူများကြားရင် ငါ့ကို ဦးစေသုဉာဏ် VIPထင်နေကြမယ်"
"မဟုတ်လို့လား ဘဲကြီးက မင်းဝင်ဝင်ဖြတ်လုတာတွေကို ငြိမ်ခံတာနော် နည်းတဲ့အချစ်မဟုတ်ဘူး"
"စောက်ပေါက်ကရ! သူ့ဘာသာ ငါ့အကွက်ကို မကျော်နိုင်လို့ခံရတာ "
"ဪ အေးအေး ဦးစေသုဉာဏ်က ငတုံးကြီးဆိုတော့"
"အင့် ဒါစား ပါးစပ်ပိတ် ငါ ညကျ Dateထားတာရှိတယ် လစ်တော့မယ်"
S GROUP ဘူဖေးဆီက ထမင်းလိပ်၃ခုခန့်ကို ပြုံယူကာ ပါးစပ်ထဲသို့ထိုးထည့်လိုက်မှ နားညီးသက်သာရသည်။
YOU ARE READING
After
Romanceချစ်ခြင်းတရားကနူးညံ့လား ခက်ထန်လားမသိပေမဲ့ အားလျန့်ဆိုတဲ့ အမွှေးလုံးလေးဆီကဖြစ်ပေါ်လာတာတော့သေချာတယ်...။ ဦးဉာဏ်က ကျွန်တော့်မချစ်ဘူး...။