(Unicode Version)
'ကလင်'
တံခါးပေါက်မှာ ချိတ်ဆွဲထားသော ခေါင်းလောင်းလေး မြည်လာသည်နှင့်အတူ ကော်ဖီဆိုင်တွင်းက မိန်းမပျိုတွေက ကသောင်းကနင်းဖြစ်နေပြီ
"Byun Baekhyun လာပြီ Byun Baekhyun!!"
တံခါးပေါက်ကို ဖွင့်ပြီးဝင်လာသော ထိုသူမှာ လေတိုက်တိုင်း ယိမ်းနွဲ့နေတဲ့ ချောကလက်ရောင် ဆံနွယ်ပျော့ပျော့တို့နဲ့မဟာဆန်နေသည်...
ပြစ်မျိုးမဲ့မထင် ဖွေးဆွတ်နေတဲ့ မျက်နှာထက်မှာ မျက်လုံးမှေးမှေးလေးတွေနဲ့ ကြည့်ကောင်းလှသော နှာတံစင်းစင်းက နေရာယူထားသော်လည်း ပါးလွှလွှ နှုတ်ခမ်းပါးတို့ကတော့ အမြဲလိုလို အပြုံးကင်းမဲ့နေဆဲ..ထိုသူက ဂျင်းဘောင်းဘီ အပေါက်အပြဲနဲ့ အနက်ရောင်အကျီ ဖရိုဖရဲကို ဝတ်ဆင်ထားပြီး မီးသတ်ထားသော ဆေးလိပ်တိုကို သွယ်လျသော သူ့လက်ကြားထဲ ညပ်ထားသော်လည်း လူရမ်းကားပုံ တစ်စက်ကလေးမျှပေါက်မနေပဲ လူတကာ လည်ပြန်ငေးရလောက်အောင် ကို ခန့်ညားနေသည်
သူက အုတ်အုတ်သောင်းသောင်း ဖြစ်လျက်ရှိနေတဲ့ ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကလေးမှ ဝေ့မကြည့်ဘဲ ကောင်တာဆီကို တံခါးပေါက်လေးဖွင့်ကာ ဝင်သွားလေသည်
"ဒီနေ့ အခြေအနေ?"
ငွေရှင်းကောင်တာက ခပ်ချောချော လူငယ်လေးက ခေါင်းရမ်းပြသည်
"ရောင်းမကောင်းဘူးလား?"
သူက ခေါင်းသွင်သွင်ခါပြီး ရယ်သည်
"မဟုတ်ပါဘူး BaekHyun ရယ်.. ပြသနာက......အရမ်းရောင်းကောင်းနေတာကွ"
"အင်း ကောင်းတာပေါ့"
BaekHyun ရဲ့ တုံးတိတိစကားကို သူက မကျေမချမ်းနဲ့ မျက်နှာရှုံ့ပြသည်
"Reaction က ဒီလောက်ပဲလား?"
"အင်း"
"မင်းကလည်း နည်းနည်းပါးပါး ပျော်ပါဦးကွာ... ငါတို့ဖွင့်ထားတာ တစ်လတောင်မရှိသေးဘူး ဒီလောက်အလုပ်ဖြစ်နေတာကို..."
YOU ARE READING
Aura of Lies
Romanceမိုးတွေရွာတဲ့အခါ ကောင်လေးတစ်ယောက်ရဲ့အလိမ်အညာတွေ ပြည့်နှက်နေတဲ့ မျက်ဝန်းလက်လက် ကလေးတွေကို လွမ်းတယ်.... ပြီးဆုံးသွားတဲ့အတွက် နောင်တမရပါဘူး ဖြစ်ပျက်ခဲ့တဲ့ အတိတ်မှာ "သူ" ရှိပေးခဲ့ရုံနဲ့တင် ပျော်ရွှင်ရပါတယ်..... သို့ပေမယ့်လည်း တစ်ခါတစ်လေ...