Extra Part [U+Z]

3.6K 550 23
                                    

[U]

ရှောင်းကျန့် နှိုးစက်သံကြောင့် ထလာတော့ သူ့ဘေးမှာ သူ့ကလေးလေး​က အခုထိ အိပ်ကောင်းတုန်း။ စောင်အောက်မှာ ဟိုလွှတ်ဒီလွှတ် ထွက်နေတဲ့ သူ့ကလေးလေးရဲ့ခြေတံဖြူအုအုကို စောင်နဲ့ ဆွဲဖုံးပေးပြီး ရှောင်းကျန့်အိပ်ရာကထလိုက်တယ်။ ရိပေါ်နဲ့ မနက်ခင်းအချိန်မှာ ချစ်ကြည်နူးချင်ပေမယ့် မဖြစ်သေး။ သူ့ Morning Duty ရှိသေးသည်။ ရှောင်းကျန့် ပြင်ဆင်လို့ပြီးတော့ အိပ်နေတဲ့ ရိပေါ်ရဲ့ နှုတ်ခမ်းဆူဆူလေးကို နမ်းလို့ အလုပ်သွားလိုက်တော့တယ်။
.
.
.
.
.
ရိပေါ် နိုးနိုးချင်း နာရီကြည့်လိုက်တော့ ကိုးနာရီထိုးနေပြီ။ ရှောင်းကျန့်ကိုတော့ မတွေ့။ ရိပေါ် အိပ်ယာက မြန်မြန်ထ၊ ရှောင်းကျန့်ပြင်ပေးတဲ့ မနက်စာစားပြီးရှောင်းကျန့်ရှိနေမယ့် ကမ်းခြေအရှေ့ဖက်ကို ထွက်လာလိုက်တယ်။

ရိပေါ်က အခု ရှောင်းကျန့်ဆီ သောင်တင်နေတာ တစ်လရှိပြီ။ သူကိုယ်တိုင်ကလည်း ပြန်ဖို့အစီအစဉ်မရှိ။ ကျောင်းတွေပြန်ဖွင့်မှ ပြန်တော့မည်ဟု ဆုံးဖြတ်ထားသည်။

ရိပေါ်က ကမ်းခြေမှာတော်တော်လေးလည်း အသားကျနေပြီ။ ရှောင်းကျန့်တို့ Team တစ်ခုလုံးနဲ့ဆို ဘော်ဒါတွေဖြစ်လို့​။ ပြီးတော့ တခါခါ အရံlifeguardလည်း ကူလုပ်ပေးတတ်နေပြီ။
.
.
.
.
.
ဟော...တွေ့ပါပြီ။ သူရဲ့ ရှောင်းကျန့်လူကြီး။ Lifeguard uniform ကို အထာကျကျဝတ်ထားပြီး နေကာမျက်မှန်တစ်လက်နဲ့။ ခါးထောက်ပြီး ကင်းလှည့်နေပုံက မြင်သမျှလူပစ်ကြွေချင်စရာ။

ဒါပေမယ့် ဆောရီးပဲနော်။ အဲ့လူကြီးက ကျွန်တော့်ဟာဗျ။ ဟဲဟဲ။

ရှောင်းကျန့်ဟာ အောက်က ဘောင်းဘီတို ဝတ်ထားတာကြောင့် ခြေသလုံးမွေးတွေက အထင်ထား။ တကယ်ကို manly typeပါပဲ။

အင်း....အဲ့အမွေးတွေ အမွေးချင်း ဆွဲနုတ်လိုက်ရရင်ဖြင့်။

ရိပေါ်က ရှောင်းကျန့်ကို သွားရေတမြားမြားနဲ့ ကြည့်နေတုန်း ရှောင်းကျန့်သူ့ကို လှည့်ကြည့်အလာနဲ့ ကြုံသွားတယ်။ ရှောင်းကျန့်က ရိပေါ်ကို တွေ့တော့ လက်ပြပြီး ရိပေါ်ဆီပြေးလာတယ်။

ရိပေါ်ကတော့ it's me ဆိုတဲ့ ရုပ်နဲ့။

"ရိပေါ် တစ်သျူးရှိလား။"

Once in a Beach 🏄🏻‍♂️ [Completed]Where stories live. Discover now