***Sob (Part-One)

7.6K 401 8
                                    


❤💚❤💚❤💚

" ရှောင်းကျန့် !!!"

ဝုန်းခနဲတံခါးဖွင့်သံနှင့်အတူ အခန်းထဲဝင်လာ သော လူရွယ်တစ်ယောက်၊ Security များက အလောတကြီးနှင့် ထို ကောင်လေး နောက်မှာ ပြေးဝင်လာသော်လည်း ရှောင်းကျန့်က လက်ကာ တားဆီးလိုက်ရင်း..

"ပေါ်တိ..ကိုယ် Meeting လုပ်နေတယ်လေ ကွာ"

အေးအေးလူလူ ပြောနေသော ထိုသူ့နှုတ်ခမ်းပါး တို့က လှပစွာပြုံးနေခဲ့သည်။ သို့ပေမယ့် ထိုလူသားဟာ ဘယ်လောက်ထိ ယုတ်မာမှန်း ဝမ်ရိပေါ်သာ အသိဆုံး။

Metting ခန်းထဲမှလူများမှာလဲ သူတို့ Bossမျက်နှာကိုကြည့်လိုက်၊ Y Limited က CEO မျက်နှာကိုကြည့်လိုက်နှင့် အတွေးများ နေကာ တီးတိုးတီးတိုး သဖန်းပိုးလုပ်နေကြ သည် ။

သူတို့ကြားရတယ့် သတင်းအတိုင်း X Group နှင့် Y Limited ကတကယ်ပဲ ပေါင်းစည်းတော့မည်လား?

"ခင်ဗျား ဘာလုပ်လိုက်တာလဲ? ကျွန်တော့်ကိုဘာဖြစ်စေချင်နေတာလဲ ပြော.."

အား ဝုန်း ခလွမ်း !!!!

ပါးစပ်ကလဲ ရှူးရှူးရှားရှား အော်ဟစ်ရင်း စားပွဲပေါ်က ပစ္စည်းများကို ကြမ်းတမ်းစွာ ရိုက်ချ ပစ်သည် ။ အားလုံးက အလဲလဲအကွဲကွဲဖြစ်ကုန်ကာ အာမေဍိဏ်သံများလဲ Meeting ခန်းထဲတွင် ညီစီသွားခဲ့သည် ။ ရီပေါ်ကတော့ ခုထိ ဒေါသ တွေထွက်ဆဲပင်။

ရှောင်းကျန့်မှာတော့ သွေးဆာနေသောLionပေါက်လေးကို တစ်စိမ်စိမ့်ကြည့်ကာ အူတိုလာရသည်၊ ဘာလို့ဒေါသထွက်တာတောင် ဒီလောက်ထိ ချစ်ဖို့ကောင်းနေရတာလဲ?

ကိုယ်တစ်ယောက်တည်းပဲ မင်းကိုကြည့်ချင်တာ ပေါ်တိရ..။

"အားလုံး ထွက်သွား"

ထိုအမိန့်သံအဆုံး မှ အခန်းထဲမှ ပြာယာခတ်စွာထွက်သွားသော ဌာနဆိုင်ရာ လူအချို့၊Metting ခန်းထဲ မှာ ရှောင်းကျန့်ရဲ့ ခပ်ဖွဖွရယ်မောသံနှင့် ရိပေါ် ရဲ့ စူးစူးဝါးဝါးအော်ဟစ်သံတို့က ကြောက်ခမန်း လိလိအားပြိုင်နေကြသည် ။

"ဘယ်တော့မှ ကျွန်တော့်ကို လွှတ်ပေးမှာလဲ?
ကျွန်တော့်လို Company သေးသေးလေးက ခင်ဗျားလို Groupကြီးတစ်ခုကို မယှဉ်နိုင်ပါဘူး"

***Sob {{Completed}}✔Where stories live. Discover now