ZAWGYI
ဒီနေ့လည်း ကိုကိုအလုပ်မသွားပြန်ဘူး ။ ထမင်းလည်းမစားဘဲ အိပ်ရာပေါ်မှာပဲ လှဲနေတော့ ရိပေါ်လည်း ဘာလုပ်ပေးရမလဲ မသိတော့ဘူး ။
"ကိုကို ထမင်းစားမယ်လေနော်"
"ဟင့်အင်း မစားချင်ဘူး"
"ကိုကို ဒီလောက်ကြီး လွန်မလာနဲ့နော် ကိုယ့်သမီးလည်းမဟုတ်ဘူး
ဘာတွေဖြစ်နေတာလဲ"ရိပေါ်က စိတ်ဆိုးစွာ အော်မိသည် ။ ဒီတိုင်းဆက်သွားနေရင် ကိုကို နေမကောင်းဖြစ်တော့မယ်
"ထွက်သွား!!!"
ကိုကို့ရဲ့စကားအဆုံးမှာ ရိပေါ်လည်း အပြင်ကိုထွက်လာခဲ့သည် ။
သိပ်မကြာခင်မှာ အိမ်ရှေ့တံခါးဘဲလ်မြည်လာခဲ့ပြီး မားမားနဲ့ပါးပါး ရောက်လာကြသည် ။"အခုထိ ထမင်းမစားသေးဘူးလား"
ရိပေါ် ဖုန်းဆက်ပြီး အကြောင်းစုံပြောထားတာကြောင့် မားမားက ပထမဦးဆုံး ဤသို့ မေးခွန်းထုတ်သည် ။
"မစားသေးဘူး မား.. အခန်းထဲပဲအောင်းနေတယ် မားမားသားကို ပြောပါဦး"
"အော် ... ဒီကောင်လေးကတော့!!"
မားမားက အခန်းထဲကို ၀င်သွားပေမယ့် ရိပေါ်ရဲ့အဖိုးကြီးရှောင်းကတော့ ဧည့်ခန်းထဲမှာပဲ ထိုင်သည် ။
"ကဲ ဆိုစမ်းပါဦး ဘာတွေဖြစ်ရပြန်တာလဲ"
ယောက္ခမဖြစ်သူ၏ အမေးကိုမဖြေခင် ရိပေါ် ဆံပင်တွေကို စိတ်ရှုပ်စွာ ဆွဲဖွလိုက်သည် ။
"ကလေးတစ်ယောက်ကို မွေးစားမယ်လုပ်နေတာ ပါးပါးရာ...
ကျွန်တော်က သဘောမတူဘူး အဲ့ဒီမှာ ကလေးမရဲ့အဖေက ပြန်လာခေါ်တယ် ဒါကြောင့် ပြန်ထည့်ပေးလိုက်တာကို သက်သက်ကြီး ရန်လုပ်နေတယ်"ပါးပါးရှောင်းက ရိပေါ်ရဲ့စကားကို ခေါင်းညိတ်ပြသည် ။
"သားကြီးက တချို့နေရာတွေမှာ ခေါင်းသိပ်မာတယ် အစကတည်းက ကလေးချစ်တတ်တဲ့လူဆိုတော့ ဒီကလေးကို သံယောဇဉ်တွယ်သွားတာနေမှာပေါ့"
"သံယောဇဉ်တွယ်တာကို လက်ခံပါတယ်ပါးပါးရာ အခုလိုကြီး လုပ်နေတော့ သူပဲ ထိခိုက်မှာပေါ့"
YOU ARE READING
ငါ့သမက်က ၀မ်ရိပေါ် ( ငါ့သမကျက ၀မ်ရိပေါ် ) COMPLETED
Fanfiction"မင်းကိုယ်မင်း ကံဆိုးလှပြီထင်နေလား ငါ့သမက်က ၀မ်ရိပေါ်ကွ" ထိုစဉ် အဖိုးကြီး ရှောင်းဟန့် သွေးအန်လေသတည်း ... "မင်းကိုယ်မင်း ကံဆိုးလှပြီထင်နေလား ငါ့သမက်က ၀မ်ရိပေါ်ကွ" ထိုစဉ် အဖိုးကြီး ရှောင်းဟန်႕သွေးအန်လေသတည်း ...