>216<[Zawgyi & Unicode]

3.1K 278 6
                                    

[Zawgyi]

အိမ်ပြန်ကြရအောင်

"ငါ့သမီးကို ဒီမှာခနထားခဲ့မယ်" လီပင်းပင်းသည် အနည်းငယ် ပြုံးရင်း ပြောလိုက်၏။

"နင့်သားနဲ့ ဘယ်သွားမလို့လဲ?" ရှမေလင်း မေးလိုက်သည်။ သူမအကို ကွယ်လွန်သွားသည်မှာ ယခုဆို ၂နှစ်ကြာခဲ့ပြီ  ဖြစ်သည့်တိုင် အခုလိုပုံစံမြင်ရတိုင်း လီပင်းပင်းအား စိတ်ပူမိသည့် စိတ်တွေကား လျော့မသွားသေးပေ။

အချိန်တွေ ရှေ့ဆက်ဖို့ရာ အခက်ခဲဆုံးဖြစ်ခဲ့သည့်လူက လီပင်းပင်းဆိုတာ သူမ ကောင်းကောင်းကြီးသိ၏။

"နည်းနည်း ဝေးတဲ့နေရာ" ဒါသည် လှပသော ပင်လယ် ရှုခင်းအားငေးကြည့်ရင်းမှ လီပင်းပင်းပြောလာသော တစ်ခွန်းတည်းသော စကားဖြစ်သည်။

သူမစကားကြောင့် ရှမေလင်း မျက်ခုံးတို့ကျုံ့လိုက်သည်။ သူမ တစ်ခုခုပြောဖို့်ပြင်လိုက်ပေမယ့် လီပင်းပင်းနောက်မှ လုရှန်းယွီသည် တဖြေးဖြေး လျှောက်လာသည်ကို တွေ့လိုက်ရသည့်အခါ သူမ နှုတ်ခမ်းတို့ရပ်တန့်သွား၏။

လီပင်းပင်းအား အံ့သြသွားအောင် လုရှန်းယွီသည် အနောက်မှ ဖက်လိုက်သည်။ "စောက်ကျိုး...."

လီပင်းပင်း လှည့်ကြည့်လိုက်သည့်အခါ ရင်းနှီးနေသော ရွှေရောင်ဖျော့ဆံပင်အား ပိုင်ဆိုင်ထားသည့်လူကို မြင်လိုက်ရသည့်အခါ တွန်းထုတ်ဖို့ ကြိုးစားသည်။

"မင်းကို ရှာတွေ့ပြီ" လုရှန်းယွီသည် သူမ နားနား ကပ်ပြောလေ၏။ "ကိုယ့်ဆီကနေ ထပ်ပြီးထွက်ပြေးဖို့ စဉ်းစားနေတာ ယုံတောင်မယုံနိုင်ဘူး"

လီပင်းပင်း မျက်မှောင်ကြုပ်ကာ ထိုသူ့အား ထပ်မံတွန်းထုတ်လိုက်သည် "ဖယ်စမ်းပါ လုရှန်းယွီ"

"မာမီ ဒက်ဒီ့ကို မရက်စက်သင့်ဘူး" ဖခင်နောက်မှ လိုက်လာသော ရှမုန့်ကျယ်သည် နှုတ်ခမ်းဆူရင်း ပြောလေ၏။

အရင်အချိန်တွေတုန်းက ရှမုန့်ကျယ်၏ အသွင်အပြင်တွေသည် သိပ်မသိသာသေးသော်ငြား အရွယ်ရောက်လာလေလေ ဖခင်၏ ရုပ်ရည်ပိုင်းကို အမွေဆက်ခံထားသည်က ပိုပိုပီပြင်လာလေဖြစ်လေသည်။

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးHikayelerin yaşadığı yer. Şimdi keşfedin