Chapter - 14

7K 1.2K 11
                                    

[Zawgyi]

<ငါးကင်>

တာ့ယန်မှာတုန်းကတော့ လင်ရှုယီ ခဏခဏငါးမျှားဖူးသည်။ ငါးမျှားရတာကို သူကြိုက်လို့မဟုတ်ဘဲ သူ့ဆရာကြိုက်တာကြောင့်သာဖြစ်သည်။ ငါးမျှားတာက စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး ကိုယ့်ကိုကိုယ်ပျိုးထောင်ခြင်းဖြစ်တယ်လို့ သူ့ဆရာက မကြာခဏပြောတတ်သည်။ မင်းစိတ်တွေ မတည်ငြိမ်ဘူးဆိုရင် ငါးသာသွားမျှားလိုက်ပါ။ ငါးက ငါးစာကိုဟပ်လိုက်တာနဲ့ မင်းစိတ်တွေ တည်ငြိမ်သွားပါလိမ့်မယ်။

အရင်က လင်ရှုယီကြိုးစားကြည့်ဖူးပေမယ့် သူ့ရဲ့ဘဝမှာ တစ်ခါမှ အဲ့အဆင့်ကိုမရောက်ခဲ့ပေ။ သူသာ ဒီနည်းလမ်းကိုလိုက်နာနိုင်ခဲ့ရင် သူဒီလိုကြောက်စရာကောင်းတဲ့သေဆုံးခြင်းမျိုးနဲ့ သေဆုံးခဲ့မှာမဟုတ်ပေ။

လူတစ်ယောက်က အကြပ်အတည်းတွေ့နေချိန်မှာ ကိုယ်ကိုတိုင် တိုးတက်မှုကိုရှာဖွေသင့်ပြီး အောင်မြင်နေချိန်မှာတော့ တစ်ခြားသူတွေဆီကနေ အကျိုးအမြတ်ရယူနိုင်ရမယ်လို့ သူ့ဆရာက သူ့ကိုတစ်ကြိမ်ပြောဖူးသည်။ သူ့အနေနဲ့ ကိုယ်တိုင်လည်းတိုးတက်အောင်မလုပ်နိုင်ခဲ့သလို တစ်ခြားသူတွေဆီကနေလည်း အကျိုးအမြတ်မယူတတ်ခဲ့တာက ဆိုးလွန်းသည်။ သူသေဆုံးချိန်မှာတောင် သူ့သေဆုံးမှုက သူ့ဆရာကို ဘယ်လောက်တောင်ဝမ်းနည်းစေလိမ့်မလဲဆိုတာ သူတစ်ခါမှမတွေးဖူးခဲ့။

သူအခုအသက်ရှင်နေသေးသော်လည်း သူာဆရာကတော့ ဘယ်တော့မှသိလိမ့်မည်မဟုတ်။ ထိုအကြောင်းများကိုတွေးနေရင်း လင်ရှုယီ ရုတ်တရက်မျက်လုံးဖွင့်လိုက်သည်။

ရှန်ဖူလန့်သွားလေ၏။

တစ်လက်မလောက်သာကွာတော့တဲ့ သူ့မျက်နှာကိုတွေ့လိုက်ရတဲ့အခါ လင်ရှုယီမျက်နှာလည်း မည်းကနဲဖြစ်သွားလေသည်။

"ခင်ဗျား ဘာလုပ်နေတာလဲ?"

ရှန်ဖူက မျက်လုံးလှန်လိုက်ကာ လင်ရှုယီရဲ့ထိုင်ခုံခါးပတ်ဆီ လက်လှမ်းလိုက်သည်။

"စောစောလေးကတင် ပစ္စည်းတွေကို တစ်ခြားမှာထားဖို့ကိုယ်ပြောထားတယ်လေ။ မင်းက ကားထဲမှာဘယ်လိုတောင်အိပ်ပျော်နေရတာလဲ။ ထိုင်ခုံခါးပတ်တောင်အတ်မထားဘူး။ ကိုယ်ဘာလုပ်နေတယ်လို့ မင်းထင်လဲ?"

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now