"ငါ...ငါ့ကို တစ်ယောက်ထဲအချိန်ပေးထားပါလား"
မင်းရဲ့အကြည့်တွေ အရောင်မပြောင်းလိုက်ပါနဲ့!
ငါ မင်းကို တွယ်တာလာတဲ့အချိန်မှာမှ
ငါ့ကို စွန့်ပစ်လိုက်ဖို့ မတွေးနဲ့!
မေမေ့လို ငါ့ကို ထားမသွားပါနဲ့!!"ဂျီမင်း!ဂျီမင်း!
ကိုယ် ပြောနေတာရော ကြားရဲ့လား။""ဟင်.."
"ကိုယ့် ကို စိတ်ဆိုးနေတာရှိလား"
ပခုံးငယ်ငယ်ကို အသာလှုပ်ကိုင်လို့
အမေးစကားဆိုလာတဲ့အခါ ဂျောင်ကု အပေါ်ထားတဲ့ သူ့ရဲ့အမြင်တွေပိုကြည်လာသလိုခံစားရသည်။"ဟင်..
ကိုယ်မေးတာလည်းမဖြေဘူး။
စိတ်ဆိုးနေရင်လည်း ကိုယ်ကချော့မှာပေါ့လို့"ညိုးငယ်နေတဲ့ မျက်နှာဖြူအုအုကို
ဂျောင်ကုက အတင်းကရော ညစ်ဖဲ့ပြီး နမ်းပစ်လိုက်ချင်တာ
ဒီ ဒေါသအိုးလေး သိပါ့မလား..."ရူးနေလား!
စိတ်ဆိုး၊စိတ်ကောက်ရအောင် ငါက မိန်းမ မဟုတ်ဘူး..
ယောက်ျားကွ!!""အော်..
ဟုတ်ပါပြီကွာ။
စွာလိုက်တာလည်းလွန်ပါရော.."တာဆူနေတဲ့ ကောင်ငယ်လေးက
မျက်နှာကို မိန့်ခွန်းပြောကြားတော့မယ့်
လူကြီးတစ်ယောက်လို တည်တံ့လိုက်ပြီး..."ဒီစကားတွေကို သေချာနားထောင်ပေး!
ငါ မင်းကို မချစ်ပါဘူးနော်..."ဘာများပြောမှာပါလိမ့်လို့ စိတ်ဝင်တစားနားထောင်နေရာကနေ
ကလေးဆန်ဆန် ပြောလာတဲ့ စကားကြောင့်
ခွီ..ခနဲ စိတ်ထဲမှာ ရီ လိုက်မိသည်။"ကိုယ်တော့ ဘုန်းကြီးဝတ်တော့မယ်ကွာ..
မင်းကမှ ပြန်မချစ်နိုင်တာ""မင်းတော့လား!"
ပြောရမယ့် စကားလုံးတွေကို
မနည်းရှာကြံပြီး စီနေရပါတယ်ဆိုမှ
ဂျောင်ကု ရဲ့ ရွှတ်နောက်နောက်စကားတို့ကြောင့်
လက်ကပါချင်လာတော့သည်။
လက်သီးဆုပ်လေးကို မနည်းပြန်သိမ်းလိုက်သည်။
မဟုတ်ရင်တော့ အနာပေါ် အနာဆင့်ဖြစ်ကုန်တော့မှာဘဲ.."မင်းက ဘယ်လိုဖြစ်လို့
the whole king ဖြစ်လာရတာလဲ..
ဒီလိုရူးနေပုံနဲ့။"