Epi <1> - Their life

14.2K 539 11
                                    

[ZAWGYI]

Knock Knock Knock

"သားငယ် အိုမားဆန်ပြုတ်လေးပြုတ်လာတယ်
နေမကောင်းသေးဘူးမလား သောက်လိုက်နော်''

စောင်ပုံလေးထဲကွေးအိပ်နေတဲ့ ထယ်​ယောင်း
ကိုကြည့်ပြီး သက်ပြင်းချမိသည်။ ဒီကလေးမနေ့ကမိုးမိလာတာ ပါသွားတဲ့ထီးကို
သူ့အတန်းထဲက ကလေးတစ်ယောက်ဆီပေးခဲ့တယ်တဲ့လေ ။
အိမ်ရောက်တော့လည်းခေါင်းတွေသေချာမသုတ်ဘူးထင်ပါရဲ့။ခုတော့ဖျားနေပြီ ။

" အိုမား ဘယ်ချိန်ရှိပီလဲ ''

" အစောကြီးရှိသေးတယ် ဒါလေးသာစားပြီးဆေးအရင်သောက်
ဘိုယောင်းလေးတို့မောင်နှမကိုလည်းပြောထားတယ် ကျောင်းကိုလည်းခွင့်တိုင်ထားတယ် ''

" သားကျောင်းသွားလို့ရပါသေးတယ် အဲ့လောက်ကြီးဖြစ်တာမှမဟုတ်တာ "

" ကင်မ်ထယ်ယောင်း ကိုယ့်ကျန်းမာရေးအကြောင်းကိုယ်သိ !! "

ကျောင်းကိုသွားမယ်တကားကားနဲ့လုပ်နေတာ ။ကိုယ်ကလည်းအခုထိအပူမကျသေးဘဲ နှုတ်ခမ်းတွေကလည်းဖြူဖပ်ဖြူရော် ။ ကမ်ထယ်ယောင်း တို့ဆိုသည်မှာငယ်ငယ်ကတည်းက ကျန်းမာရေး
အရမ်းချူချာတဲ့လူမျိုး ။ သူများလုပ်သလိုမလုပ်နိုင်
သူများစားသလိုမစားနိုင်ပဲ တစ်နေ့နွားနို့တစ်ခွက်
အမြဲသောက်နေရတဲ့ ဒီခန္ဓာကိုယ်ကြီးကိုမုန်းမိပါသည် ။

" သားငယ်ထယ်ယောင်းရေ
အိုမားသွားပီနော် ဆေးကိုအချိန်မှန်မှန်သောက်
အစာစားပြီးမှသောက်နော် ခုံပေါ်မှာတင်ခဲ့တယ်သားငယ် "

အိုးမား ကအသက်ကြီးပိုင်းဝင်နေပြီဆိုပေမယ့် အခါမနှောင်းသေးပါဘူးဆိုပြီး အလုပ်လုပ်နေပါသေးသူ ။
အိမ်တစ်အိမ်ရဲ့တောက်တိုမယ်ရက သူ့အတွက်
သိပ်မပင်ပန်းပါဘူးတဲ့လေ ...

ထယ်ယောင်း အိုမားအပြင်ထွက်သွားတာ သေချာပြီဆိုမှ
ဂျီမင်း ရဲ့ café ဆိုင်ကိုသွားဖို့ ပြင်ဆင်လိုက်သည် ။
ငယ်ဘဂကနေအခုချိန်ထိ တစ်ဦးတည်းသောရှိတဲ့
သူငယ်ချင်းလေး ။ ဟန်မြစ်ရဲ့ရှုခင်းကောင်းတဲ့ တစ်နေရာမှာ
ထိုဆိုင်လေးက အေးချမ်းလှသည်မို့နေမကောင်းတာလည်း
တစ်ဝက်သာသာသည်ဆိုပြီး သွားလိုက်သည် ။

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Tempat cerita menjadi hidup. Temukan sekarang