Chapter 7

2.2K 262 3
                                    

Zawgyi

မယ်တော်ကြီး၏နန်းဆောင်အပြင်ဘက်....

(၃) ရက်လုံးလုံး အစားလည်းသေချာမစားရသေးဘဲ ခန္ဓာကိုယ်ထဲက သွေးတွေကိုလည်းဆုံးရှုံးထားသည့်အတွက် ဖြူဖပ်ဖြူလျော်ဖြစ်နေသည့် ယွင်ရှီးသည် နေပူထဲတွင် မတ်တပ်ရပ်ရင်း ဖေးယွီအလာကို စောင့်နေခဲ့ရသည်။

"စစ်ချီမယ်.... သူ့ကိုခေါ်ခဲ့...."

ပြောပြီးသည်နှင့် ရပ်စောင့်နေရသူကို တစ်ချက်ကလေးပင်မကြည့်ဘဲ ထွက်ခွာသွားသည့် ဖေးယွီ...။

..........

တာ့ချီတိုင်းပြည်၏ စစ်စခန်းရှိရာသို့ ဖေးယွီ ချီတက်လာခဲ့သည်။

တာ့ချီပြည်၏ မင်းသားလေးလော့ယွင်ရှီးမှာ စစ်တပ်အလည်တွင် ဓားစာခံအဖြစ်ခေါ်ဆောင်ခံလာရသည်။

သံကြိုးများဖြင့်ချည်နှောင်ခံထားရသည့်အတွက် လမ်းလည်းမြန်မြန်မလျှောက်နိုင်ဘဲ မကြာခဏလဲကျနေသောကြောင့် ခြေလက်များက ပွန်းပဲ့နေပြီး တစ်ကိုယ်လုံးလည်း နာကျင်နေရသည်။

အားနည်းပြီး အဖျားကလည်းဝင်နေသည့်အတွက် ယွင်ရှီး၏ အမြင်အာရုံများပင် ဝေဝါးနေခဲ့ရပြီ...။

ညနေစောင်းခဲ့ပြီ....။

"ဒီတောအုပ်ကိုကျော်ရင်... တာ့ချီစစ်စခန်းကို ရောက်ပါပြီ မင်းကြီး..."

"ဒါဆို... တောအုပ်အပြင်ဘက်မှာ ဒီည စခန်းချမယ်...."

တာ့ချန်စစ်တပ်သည် တောအုပ်အပြင်ဘက်တွင် စခန်းချရန် ပြင်ဆင်လိုက်ကြသည်။

"မီးမဖိုနဲ့... မီးရောင်ကြောင့် ရန်သူတွေရိပ်မိကုန်မယ်...."

အကြမ်းပတမ်းခံနိုင်ရည်ရှိသည့် စစ်သည်တော်များအတွက်က ပြဿနာမရှိပေမယ့်… အေးစိမ့်လွန်းသည့် ရာသီဥတု ကြောင့်ယွင်ရှီးဟာ သစ်ပင်တစ်ပင်ကို မှီပြီး ချမ်းလို့တုန်နေခဲ့သည်။

သူက နှင်းတောင်ဒေသဖြစ်သည့် ရွှယ်စန်းတောင်မှာ ကြီးပြင်းခဲ့သူဆိုပေမယ့် တကယ်တမ်း အအေးဒဏ်ကိုခံနိုင်သူ မဟုတ်ပေ။

ကိုယ်တွင်းမှအပူရှိန်က တရိပ်ရိပ်တက်နေပြီး အပြင်ဘက်မှ အအေးဒဏ်ကြောင့် ယွင်ရှီးခန္ဓာကိုယ်လေး တုန်ယင်နေသည်။ အအေးဒဏ်သက်သာလိုသက်သာငြား ဒူးနှစ်ဖက်ကို လက်ဖြင့်ပိုက်ထားပြီး ကွေးကွေးလေးထိုင်နေ လိုက်သည်။

Beloved Xiao Yun (FYX Fanfic) (Completed)Where stories live. Discover now