Zawgyi
နောက်တစ်နေ့နံနက်…
တာ့ချန်တိုင်းပြည်စစ်တပ်သည် တောအုပ်ကိုဖြတ်ကျော်ပြီး တာ့ချီစစ်စခန်းကို ၀ိုင်းရံထားလိုက်တော့သည်။
တာ့ချီပြည်သည် အစကတည်းကပင် အင်အားနည်းနေပြီဖြစ်သည့်အတွက် စစ်စခန်းတွင် စစ်သည်တော် များစွာ မရှိလှပေ။
ထို့ပြင်…လော်မင်ကျန့်၏ မိဖုရားကြီးမှာ မကြာသေးခင်အချိန်ကပင် ဆုံးပါးသွားရသည့်အတွက် တာ့ချီမင်းကြီး လော့မင်ကျန့်မှာ များစွာ ၀မ်းနည်းစိတ်မကောင်းဖြစ်နေရသည့်အချိန်ဖြစ်လေသည်။
“လော်မင်ကျန့်… မင်းတို့စစ်စခန်းကို ငါကိုယ်တော်ရဲ့ တာ့ချန်စစ်တပ်က၀ိုင်းထားလိုက်ပြီ ၊ လက်နက်ချပါ…. ပြီးတော့ မင်းရဲ့သားတော်လော်ယွင်ရှီးက ငါကိုယ်တော်ရဲ့ လက်ထဲမှာနော်”
ဖေးယွီသည် အဖြူရောင်မြင်းကြီးထက်တွင် ခန့်ညားစွာရှိနေပြီး တာ့ချီစစ်စခန်းကို ကြေငြာစကားဆိုလိုက်သည်။
ဖေးယွီ၏ဘေးတွင်တော့ စစ်သူကြီးတစ်ယောက်က ယွင်ရှီးကို ဖမ်းချုပ်ထားပြီး ဓားဖြင့်ထောက်ထားလေသည်။ လော့မင်ကျန့်သာ လက်နက်မချခဲ့ဘူးဆိုလျှင် လော့ယွင်ရှီးကို အချိန်မရွေးသတ်ပစ်တော့မည့်ဟန် ဖြစ်လေသည်။
တဲစခန်းတစ်ခုအတွင်းမှ လော်မင်ကျန့်နှင့် သူ၏သားတော် လော့ယွမ်ဖန် ထွက်လာလေသည်။
အခြားသောစစ်သည်တော်များလည်း တဲစခန်းများအသီးသီးဆီမှ ထွက်လာကြသည်။ သို့သော် သူတို့စစ်အင်အားက လူ (၃၀) ထက်မပိုပေ။ဖေးယွီ၏ တာ့ချန်စစ်တပ်က လူပေါင်းရာချီရှိနေခဲ့သည့် တပ်မတော်ကြီးဖြစ်လေသည်။
လော်မင်ကျန့်က တာ့ချန်စစ်တပ်၏ဖမ်းဆီးခြင်းကိုခံထားရသည့် လော့ယွင်ရှီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“အသုံးကိုမကျဘူး ၊ အမြဲတမ်း ငါကိုယ်တော်အတွက် အားနည်းချက်ပဲ ဖြစ်နေတယ်”
ခမည်းတော်ဖြစ်သူ၏စကားကြောင့် လော်ယွင်ရှီး မျက်ရည်ဝဲသွားရသည်။
လော်မင်ကျန့်က ဖေးယွီကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“ဘယ်သူက ဒီကောင်ကိုဂရုစိုက်နေမှာလဲ ၊ ငါတို့တိုက်ကြမယ် ချန်မင်းကြီး… မင်းရဲ့အဖမ်းခံမယ့်အစား အသေပဲခံလိုက်မယ်”
YOU ARE READING
Beloved Xiao Yun (FYX Fanfic) (Completed)
FanficZawgyi FeiYunxi fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့ ပထမဆုံးရေးထားတာပါ အားပေးကြပါနော် မီးနီတွေလည်းပါမှာမို့ ဆယ့်ရှစ်ယောက်ပြည့်အောင် စုပြီးမှ ဖတ်ပါနော် 😁😁😁 Unicode FeiYunxi fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့ ပထမဆုံးရေးထားတာပါ အားပေးကြပ...