*ဟေ့ အခန်းထဲကကိုယ်တော်ချောထွက်ခဲ့ပါအုံး
မနေ့က ကိစ္စကြောင့်လူကရှက်နေပါတယ်ဆိုဒင်းက
အလိုက်မသိလာခေါ်နေတယ်တဲ့လားသူခေါ်တာကိုမသိကျေးကျွန်ပြုပြီး မီးဖိုချောင်ထဲက
ရေသန့်ဗူးကိုထုတ်ပြီး ဧည့်ခန်းကိုသွားဖို့ပြင်တော့
နောက်ကနေ အော်နေလေရဲ့*ဟေ့ ပတ်ဂျီမင်းငါမင်းကိုခေါ်နေတာလေ
စိတ်မရှည်စွာ စုတ်တစ်ချက်သပ်ပြီးမေးလိုက်မိသည်
*ဘာလဲ စောစောစီးစီးဘာထပ်ပြီးဒုက္ခပေးမလို့လဲ
ဟ့လူကိုမြင်တာနဲ့ကောဖို့ချည်းဘဲ
*ဘာမှမလုပ်ဘူး မင်းကိုမနက်စာလာစားလို့ပြောမလို့
*ဝါး...ကြားသားမိုးကြိုး မြင်ဖူးသွားပြီလေ နေတတ်
သလိုနေပါ အပိုတွေသိပ်မလုပ်နဲ့မြင်ရတာအိုဗာဖြစ်
လွန်းလို့*ဟေ့ငါကမင်းကိုစေတနာနဲ့ မနက်အစောကြီးထပြီး
ချက်ပေးရသေးတယ် မနေ့ကတစ်ညလုံးအပြင်ကဆို
ဖာပေါ်မှာအိပ်ရတာဘယ်လောက်ညောင်းတယ်လို့
မင်းထင်လဲ ဟမ်စေတနာကိုမစော်ကားပါနဲ့အမယ်ဖြစ်ရတယ် သူခိုးကလူပြန်ဟစ်နေတယ်ဆို
တာဒါမျိုး*နင့်ကိုဘယ်သူက အိပ်ခိုင်းလို့လဲ အိမ်ပြန်အိပ်လို့
ပြောသားဘဲ မင်းဘာသာမပြန်တာလဲအခုလဲဘယ်
သူကအစောကြီးထပြီးချက်ခိုင်းနေလို့လဲ သူ့ဘာသာ
လုပ်ပြီးငါ့ကိုအပြစ်ပုံချချင်နေသေးတယ်လူရစေတနာနဲ့လုပ်ပေးတာကိုအကောင်းပြောမခံရ
တော့စိတ်ကနည်းနည်းအချဉ်ပေါက်လာပြီဟုတ်တယ်လေကိုယ်ကမနေ့က ကိစ္စကိုတောင်းပန်တဲ့အနေ
နဲ့ကိုယ်တစ်ခါမှမလုပ်ဖူးတဲ့ မနက်စာကိုအစောကြီး
ထပြီးပြင်ထားတာ မနက်အစောကြီးထပြီးချက်ပြုတ်
ရလို့အိပ်ချင်တာကတစ်ကြောင်း ဆီပူတွေပေါက်လို့
နာတာကတစ်ကြောင်း မချီးကျူးချင်ရတောင်အ
နည်းဆုံးတော့ ချက်တဲ့သူစိတ်ချမ်းသာအောင်စား
သင့်တယ်မလား အခုတော့တအားလွန်တယ် အလျော့ပေး မှန်းသိတော့ ဗိုလ်ကျချင်တာဘဲပြောရ
မလား ကျွန်တော်တကယ်စိတ်တိုသွားတာ