Extra part 5

353 41 3
                                    

#Unicode#

မြင့်မြတ်သူ အခန်းထဲ၀င်၀င်ချင်း အောင်နိုင်သူ၏ အမေးစကားကြောင့် ခေါင်းနပန်းကြီးသွားတော့သည်။
မြင့်မြတ် ဘာမှမပြောနိုင်ဘဲ ဒီအတိုင်း ရပ်လျက်သားဖြစ်နေလေရဲ့။
အဖြေမရသေးသော အောင်နိုင်သူမှာ စိတ်မရှည်ဟန်ဖြင့် မြင့်မြတ်သူနားသွားကာ ပုခုံးလေးကို ကိုင်လိုက်သည်။ ပြီးနောက် လှုပ်ခါရမ်းလိုက်ရင်း

"ချစ် ဘာလို့ငြိမ်နေတာလဲ ကို့ကိုတစ်ခုခုပြောအုန်းလေ"

"ဟင်....အင်း"
‌မြင့်မြတ် သတိပြန်၀င်လာရင်း ဖြေလိုက်သည်။ ခေါင်းထဲမှာ ဘယ်လို အကြောင်းပြချက်တွေ ပေးရမလဲ စဉ်းစားနေတာနဲ့ အောင် မြင့်မြတ်‌ရှေ့ရောက်လာတာ မသိလိုက်ပါ။

"ပြောလေ ချစ် တစ်ကယ်လားလို့"

မြင့်မြတ်‌ အောင်နိုင်သူကို တစ်ချက်ကြည့်လိုက်သည်။ အောင်ရဲ့ မျက်နှာမှာ စိုးရိမ်စိတ်၊ ပူပန်စိတ်တို့က စိုးမိုးထားသည်။ မြင့်မြတ် တစ်ချက်ကလေး ပြုံးလိုက်သည်။ ပြီးတော့ အောင်ရဲ့လက်ကလေးကို အသာလေး‌ရွေ့ကာ

"ကိုရယ် အဲ့တာက ဘာမှမဟုတ်ပါဘူး"
မြင့်မြတ် ရေချိုးခန်းထဲ ၀င်သွားဖို့ ခြေလှမ်းတွေ လှမ်းလိုက်ရင်း ပြောလိုက်သည်။ ဒါပေမယ့်လည်း မြင့်မြတ် သွားလို့မရအောင် လက်ကို ဆွဲထားတော့တယ်။

"ဒီထူးဆန်းတဲ့ ကိစ္စက ဘာလို့ ဘာမှမဟုတ်ရမှာလဲ ချစ်"

"ကိုရယ် တစ်ကယ် တစ်ကယ်ကို ဘာမှမဟုတ်ပါဘူး"
မြင့်မြတ် အတင်းငြင်းနေတော့သည်။ ‌ဘာကြောင့်ဆို အောင့်ကို စိတ်ပူပန်မှုတွေ ထပ်မပေးပါဘူးလို့ ဆုံးဖြတ်ထားလို့ပင်။

မြင့်မြတ် ဆွဲထားတဲ့ အောင်ရဲ့လက်ကို အသာလေး ဖယ်ထုတ်လိုက်သည်။ ဖယ်ထုတ်လိုက်ပြီး ရေချိုးခန်းထဲ ၀င်လိုက်ပြီး တံခါးပိတ်လိုက်သည်။ တံခါးကို အပြည့် မပိတ်သေးဘဲ အောင့်ကို ကြည့်လိုက်မိသည်။ အောင်သည် တစ်ခုခုကို ကြောက်နေတဲ့ပုံစံ ဖြစ်နေလေသည်။ မြင့်မြတ်လည်း သက်ပြင်းချကာ တံခါးပိတ်လိုက်တော့၏။ အ၀တ်အစားချွတ်ပြီးတော့ အ၀တ်လျှော်စက်ထဲ ထည့်လိုက်၏။ ပြီးနောက် ရေနွေးနွေးလေးတွေ ကျနေတဲ့ ရေပန်းအောက်ကို ၀င်လိုက်တော့သည်။ ရေချိုးလိုက်လို့လား မသိပါဘူး တော်တော်လေး သက်တောင့်သက်သာ ရှိသွားတော့သည်။

If(အကယ်၍...)/{complete}Onde histórias criam vida. Descubra agora