Zawgyi
"ငါလည်း တောင်အောက်ပြုတ်ကျသွားပြီး အသက်ရှင်အောင် မနည်းကြိုးစားခဲ့ရတယ် ၊ ငါ့သိုင်းပညာတွေလည်း ဆုံးရှုံးခဲ့ရတယ်… ငါ့ဒဏ်ရာတွေသက်သာပြီး တောင်ပေါ်ကို ပြန်ရောက်တဲ့အချိန်မှာ တာ့ချီနဲ့ တာ့ချန်က စစ်ဖြစ်နေပြီ ၊ ငါ ရှောင်ယွင်ကိုစိတ်ပူလို့ သူ့သတင်းတွေရအောင် စုံစမ်းခဲ့တာ ၊ တာ့ချီအထိ ငါရောက်ခဲ့တယ် ၊ အဲဒီအချိန် ငါသိရတာက ချန်မင်းကြီးက ရှောင်ယွင်ကို ဖမ်းသွားတယ်ဆိုတာပဲ… အခုတော့ ငါအသုံးမကျလို့ အားလုံးနောက်ကျခဲ့ရပြီ…"
ဖူကျင်းကျင်း၏ စကားများဆုံးသွားသည်နှင့် သူတို့အားလုံး စိတ်မကောင်းစွာ ဖြင့်ငြိမ်သက်နေမိကြသည်။
မယ်တော်ကြီးလင်းသည် သူမ၏သားအရင်းဖြစ်သူ ရှောင်ယွင်အတွက် စို့နင့်စွာ ခံစားနေရသည့်တိုင် ဖေးယွီ စိတ်မကောင်းဖြစ်မည်စိုးသည့်အတွက် စကားတစ်ခွန်းမှ မဆိုဘဲ တိတ်ဆိတ်နေမိလေသည်။
ဖေးယွီကို အပြစ်တင်၍မှ မရလေပဲ…။
"အခုတော့… လော့မင်ကျန့်လည်း သေသွားပြီပဲ… သူက ငါ့သားလေးအပေါ်တောင် နောက်ဆုံးအချိန်ထိတောင် ကောင်းမပေးနိုင်ခဲ့ဘူး ၊ ရှီးအာ ဘယ်လောက်တောင် နာကျင်ခဲ့မှာလဲ…"
မယ်တော်ကြီးလင်းက ပြောလိုက်သည်။
နောင်တများကို ရင်ဝယ်ပိုက်ကာ စကားမပြောနိုင်ဖြစ်နေရသူက ဖေးယွီရယ်ပါ…။
ငယ်ငယ်တုန်းက သူ့အပေါ်ကောင်းခဲ့သည့် ရှောင်ယွင်ကောကောရဲ့ ပုံရိပ်လေးများကို မျက်ဝန်းထဲတွင် မြင်ရောင်နေမိသည်။
……………….
"ကျွန်တော်ကြီးလာရင် ကိုကို့ကိုလာရှာမယ်နော် ၊ အဲဒီအချိန်ကျ ကိုကို့က ကျွန်တော့်ရဲ့မိဖုရားလုပ်ရမယ်"
"အာ ကလေးက ဘာစကားတွေလျှောက်ပြောနေတာလဲ"
……………
ထိုစကားလေးကို သတိရတော့ ဖေးယွီ မျက်ရည်တွေကြားက ပြုံးလိုက်မိသည်။
"ကျွန်တော် ကိုကို့ကို တွေ့အောင် ပြန်ရှာပါ့မယ်…"
သူက ဖူကျင်းကျင်းနှင့် မယ်တော်ဖြစ်သူကို အသံတိုးတိုးဖြင့် ကတိပေးလိုက်သည်။
YOU ARE READING
Beloved Xiao Yun (FYX Fanfic) (Completed)
FanficZawgyi FeiYunxi fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့ ပထမဆုံးရေးထားတာပါ အားပေးကြပါနော် မီးနီတွေလည်းပါမှာမို့ ဆယ့်ရှစ်ယောက်ပြည့်အောင် စုပြီးမှ ဖတ်ပါနော် 😁😁😁 Unicode FeiYunxi fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့ ပထမဆုံးရေးထားတာပါ အားပေးကြပ...