Zawgyi
နောက်တစ်နေ့နံနက်…
"ခရီးဆက်မယ်…"
ထိုစကားမျှသာ ဖေးယွီကပြောလိုက်သည်။
ပိုင်ယွင်ကို အကဲခတ်လိုက်တော့ မျက်လုံးတွေက နီရဲဖောင်းအစ်နေပြီး တစ်ညလုံး ငိုထားပုံရလေသည်။ အိပ်ထားပုံလည်း မရတောကြောင့် မျက်နှာလေးကလည်း ချောင်လို့နေသည်။
ညက သူ လွန်သွားတာပဲ…။
ပိုင်ယွင်ကို တောင်းပန်ဖို့ ပြင်လိုက်စဉ်မှာပဲ ထျန်းကျီသည် ပိုင်ယွင်အနားသို့ ရောက်လာလေသည်။
"အစ်ကိုပိုင်ယွင်… ညက ကျန်းလျန်ကိုကျ ခေါက်ဆွဲပြုတ်ပေးပြီး ကျွန်မကိုကျ မပြုတ်ပေးဘူး…"
နှုတ်ခမ်းလေးထော်ကာ ပြောလိုက်သည့် ထျန်းကျီ၏ စကားများသည် ပိုင်ယွင်ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပါပဲ။
သူ ထိတ်လန့်တခြားဖြင့် ဖေးယွီကို လှမ်းကြည့်လိုက်တော့ အေးစက်သည့်အကြည့်များဖြင့် သူ့ကိုကြည့်နေသည့် ဘုရင်လေးရဲ့မျက်ဝန်းတွေ….။
ချက်ချင်းပင် အကြည့်တွေလွှဲသွားပြီး အင်္ကျီလက်ဖျားကို အသံထွက်အောင် တစ်ချက်ခါကာ သူ့ဘေးနားက ထွက်ခွာသွားလေသည်။
"ကျွန်တော်… နောက်တစ်ခါကျ လုပ်ပေးပါ့မယ်…"
အသံတိုးတိုးလေးနှင့်ပင် ထျန်းကျီကို ပိုင်ယွင် ပြန်ဖြေလိုက်ကာ ဖေးယွီနောက်သို့ အမြန်လိုက်သွားတော့သည်။
သူက မြင်းရထားမောင်းမည့်သူနေရာကို သွားမည်လုပ်တော့ ဖေးယွီအသံထွက်ပေါ်လာသည်။
"မြင်းရထားကို မင်းမောင်းစရာမလိုဘူး ၊ ဟိုမင်းသမီးတွေမှာယောက်ျားလေးအစေခံတွေပါတယ် ၊ အဲဒီသူတွေထဲက မြင်းရထားမောင်းတတ်တဲ့ တစ်ယောက်ကို လွှတ်လိုက်…"
ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက်တိတ်ဆိတ်သွားသည်။
အတန်ကြာမှ အက်ရှနေတဲ့ ပိုင်ယွင်ရဲ့အသံလေးထွက်ပေါ်လာသည်။
"ကောင်းပါပြီ…"
အဲဒီနောက်မှာတော့ ပိုင်ယွင်ဟာ တိတ်ဆိတ်စွာနဲ့ပဲ ချန်ဘုရင်ရဲ့ မြင်းရထားနောက်ကနေ လမ်းလျှောက်ပြီးလိုက်လာခဲ့ရသည်။
YOU ARE READING
Beloved Xiao Yun (FYX Fanfic) (Completed)
FanfictionZawgyi FeiYunxi fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့ ပထမဆုံးရေးထားတာပါ အားပေးကြပါနော် မီးနီတွေလည်းပါမှာမို့ ဆယ့်ရှစ်ယောက်ပြည့်အောင် စုပြီးမှ ဖတ်ပါနော် 😁😁😁 Unicode FeiYunxi fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့ ပထမဆုံးရေးထားတာပါ အားပေးကြပ...