<< zawgyi >>
အဲ့ဒီနေ့လေးကချမ်းစိမ့်စိမ့်နံနက်ခင်းလေးပေါ့
မည်းမှောင်နေတဲ့တိမ်တိုက်တွေကနေ မြေပြင်ကိုအပြေးအလွှားအပြိုင်အဆိုင်လာနေတဲ့ မိုးစက်လေးတွေရယ် ။နွေးထွေးတဲ့မွေ့ယာလေးပေါ်မှာsoobinတစ်ယောက် ညင်သာစွာအိပ်နေလေရဲ့။သူဗိုက်အရမ်းဆာနေပေမဲ့ သူရဲ့မွေ့ယာနူးနူးညံ့ညံ့လေးကနေထဖို့တောင်ဝန်လေးနေခဲ့တယ်။
သူဇိမ်ရှိရှိနဲ့နွေးနွေးထွေးထွေးလေးလှဲနေခဲ့တယ်...သူ့ရဲ့ဘေးမှာရှိနေတဲ့ဖုန်းvibrationအသံ မမြည်ခင်အထိပေါ့။
Soobinဖုန်းကိုမြန်မြန်ကိုင်ပြီးကြည့်လိုက်တယ် ဘယ်သူခေါ်တာလဲဆိုတာ..
"Mrs.Choi?" Soobinဖုန်းကိုကိုင်လိုက်တယ်
Mrs.Choiနဲ့soobinနဲ့သိခဲ့တာတော်တော်ကြာပါပြီ ဒါပေမဲ့မမြင်ဖူးကြဘူး။
သူမက အထက်တန်းတက်ပြီးတဲ့အထိ Soobinအမေနဲ့သူငယ်ချင်းတွေပေါ့သူမရဲ့အမျိုးသားနဲ့သူမ တရားဝင်ကွာရှင်းပြီးတဲ့နောက်သူမကလေးနှစ်ယောက်ရခဲ့တယ်။soobinကသူတို့နဲ့မတွေ့ဘူးပေမဲ့ သူတို့အကြောင်းတွေတော့ကြားဖူးပါတယ်။
"ဒီလိုရာသီမျိုးမှာသားကိုခေါ်ရလို့ တကယ်တောင်းပန်ပါတယ်" Mrs.Choiကညင်သာစွာနဲ့သိမ်မွေ့စွာ ပြောလိုက်တယ်
"အဆင်ပြေပါတယ်!!တကယ်ပါ။ကျွန်တော်ဘာကူညီပေးရမလဲ!?" Soobinအနည်းငယ်အော်မိသွားတယ်
"သားကချစ်ဖို့ကောင်းတာပဲ...ပြောချင်တာက သားအမေကပြောတယ် အခုနောက်ပိုင်းပိုက်ဆံစုဖို့အချိန်ပိုင်းကလေးထိန်းပေးနေတယ်ဆို"Mrs.Choiကစကားစလိုက်တယ်
"အန်တီ့ရဲ့အိမ်ကအငယ်ဆုံးလေးကိုထိန်းပေးနိုင်မလား?ဒီနေ့တစ်ရက်ပါပဲကွယ်။အန်တီသားကိုငွေပြန်ပေးမှာပါ ကတိတည်ပါတယ်"
YOU ARE READING
아기 앉다 <<babysit>>
FanfictionWhen he babysit a playboy's brother Yeon x Bin (myanmar au) ⚠:Tran!!!