IF (oneshort)

1.6K 189 31
                                    

Unicode

‌လေပြေအေးအေးလေးက ကားပြတင်းပေါက်ပေါ်လက်‌ေလးနှစ်ဖက်နဲ့ ခေါင်း‌လေးတင်ရင်း အပြင်ကိုငေးနေတဲ့ Taehyung ရဲ့ဆံနွယ်ဖွဖွလေးတွေကို ရိုက်ခတ်နေသည်...

"သား ယောင်းငယ် အမေတို့ရောက်တော့မယ်နော်"

"Nae . Omma"

Taehyung လေတိုက်၍ ပွနေသော သူ‌ဧ်။ ဆံပင်လေးတွေကို လက်ချောင်းလေးတွေနဲ့ အနည်းငယ်သပ်ရင်းပြန်ပြောလိုက်သည်...

Omma ကတော့ ရှုခင်းတွေကို ပြတင်းပေါက်ကနေငေးနေတဲ့ သူ့သားငယ်လေးကိုငေးရင် မျက်ရည်လေးဝဲနေသည်

Taehyung ဒီနေရာသို့လာတိုင်း ထိုသို့ငေးတတ်သည်ကိုသိနေသော appa က ကားကို အရှိန်နှေးနှေးနဲ့မောင်းလာသည်

ခြေချလိုက်သော ခြံဝန်းလေးက Taehyung ငယ်ငယ်ကမြင်ဖူးနေကျ ပုံစံလေးအတိုင်းပဲ ဘာမှမပြောင်းလဲသွားဘူး

ခြံဝန်းလေးထဲက အိမ်ပုလေးကလည်း Taehyung နှစ်သက်သော ခရမ်းနုရောင်လေးသုတ်ထားမြဲ

အိမ်လေးထဲကိုဝင်ပြီး Taehyung သူ့အခန်းလေးထဲဝင်လိုက်တော့ သူထားခဲ့တဲ့အတိုင်းပစ္စည်းတွေကနေရာမယွင်း

ဒီအိမ်လေးကိုမရောက်ဖြစ်တာမကြာဘူးဆိုရင်တောင် 7 နှစ်လောက်ရှိပြီ

Taehyung အထက်တန်းကျောင်းသားအရွယ်မှာ appa ကစီးပွားရေးတွေထပ်တိုးချဲ့ဖို့အတွက် Seoul ကိုပြောင်းခဲ့ကြတာ ဒီအိမ်လေးကိုတော့ appa က Taehyung နှစ်သက်သည်မို့မရောင်းခဲ့တဲ့အပြင် တစ်လတစ်ခါ အကူအဒေါ်ကြီးကို သန့်ရှင်းရေးလုပ်ခိုင်းမြဲ

Taehyung သူ့ရဲ့ကုတင်ပေါ်မှာခနလောက်လှဲပြီး အမောဖြေလိုက်တယ် ပြီးရင်တော့ သူငယ်ငယ်က သဘောကျခဲ့တဲ့ Mini Mart လေးဆီသွားမယ်လို့ဆုံးဖြတ်ထားတယ်

ညနေခင်းရဲ့လေညှင်းက ထင်ထားတာထက် အနည်းငယ် ပိုအေးနေတာကြောင့် ဆွယ်တာ အဖြူလေးကိုထပ်ဝတ်ရင်း Taehyung အောက်ထပ်ကို ဆင်းလာခဲ့တယ်

"Omma သား အပြင်ခနသွားအုံးမယ် "

"ဘယ်ကိုလဲသား တစ်ယောက်တည်းဖြစ်ရဲ့လား"

"ရပါတယ် Omma ရယ်"

"အမေကြီးရယ် သားလည်းငယ်တော့တာမှမဟုတ်တာ အက်လောက်ထိစိတ်မပူနေပါနဲ့"

You've reached the end of published parts.

⏰ Last updated: Apr 28, 2021 ⏰

Add this story to your Library to get notified about new parts!

IF  (Oneshot)Where stories live. Discover now