Chapter 6 - ကုန်စည်လှည်း 500/ ကုန္စည္လွည္း 500 [ I ]

1.1K 168 2
                                    


ငါ ကြောက်ရွံ့မိခဲ့ပါတယ်။ ဒါပေမယ့် မြင်းအဖြူလေး အရိုက်ခံနေရတာကို ငါ ​မမြင်ရက်မှတော့ ငါ့အနေနဲ့ ဘာများလုပ်နိုင်ပါအုံးမလဲ။ Bai သခင်ကြီး ထွက်သွားပြီးနောက်​တော့ ဆိပ်ကမ်းက လူတွေက ငါ့အနားကို ဝိုင်းအုံလာကြတယ်။ ဘယ်သူကမှ ငါ့ကို အပြစ်မတင်ကြဘူး။ အဲဒီ့အစား သူတို့က ငါ့အစား ထိတ်လန့်နေကြတယ်။ လွန်ခဲ့တဲ့ နှစ်တုန်းက သူတို့မျက်စိရှေ့တင် ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်က မြင်းတစ်ကောင်အတွက်နဲ့ ကြီးမြတ်လှတဲ့ Bai သခင်ကြီးကို တကယ်ကြီး စကားပြောနိုင်မယ်မှန်း မယုံ​နိုင်လောက်အောင် ဖြစ်နေကြတယ်။

ဒီပြသာနာကို ဖြေရှင်းနိုင်ဖို့က အချိန် အကန့်အသတ်ရှိမှန်း နားလည်မိတဲ့အတွက်၊ တခြားလူတစ်ယောက်ဆီကနေ သူ သတင်းမရခင် မန်နေဂျာကို ငါကိုယ်တိုင် ရှင်းပြနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်းနဲ့ပဲ အဓိက အဆောက်အဦကြီးဆီကို ဦးတည်သွားမိတယ်။ ဒါပေမယ့်လည်း Li က အေးအေးဆေးဆေး ရှိနေတဲ့ သူ့ရဲ့ နဂိုပုံစံအတိုင်း ငါ့ကို စောင့်နေမှန်း တွေ့ရှိလိုက်ရတယ်။ သူက Fa သခင်ကြီး အနေနဲ့ ငါဆန္ဒရှိသလို လုပ်ကိုင်ဖို့ ခွင့်ပြုပေးပြီးတော့ ဆိပ်ကမ်းက လူတိုင်းကိုလည်း ငါ ဘာပဲလိုလို အကူအညီပေးကြဖို့ အမိန့်ပေးထားကြောင်း ပြောပြတယ်။ ဘိုးဘိုးကို ငါမမြင်လိုက်ရပေမယ့် ငါ့ရဲ့ ရဲရင့်တဲ့ အပြုအမူကို သူ မျက်မြင်တွေ့လိုက်မှန်း ငါ သဘောပေါက်လိုက်တယ်။ ဘိုးဘိုးက စိတ်အနှောင့်ယှက် ဖြစ်သွားလား၊ မဖြစ်လား ဆိုတာလည်း ငါ မသိသလို မေးလည်း မမေးရဲခဲ့ပါဘူး။ အခု ငါလုပ်နိုင်သမျှကတော့ ဘိုးဘိုးရဲ့ ဂုဏ်သတင်းကို မထိခိုက်သွားခင် အဖြေတစ်ခု ရှာဖွေနိုင်ဖို့ပါပဲ။

အဲဒီ့ရက်နောက်ပိုင်း Fa အိမ်တော်ကို ပြန်ဖို့အတွက် ငါ မဝံ့ရဲခဲ့ဘူး။ ပြဿနာ မဖြေရှင်းပြီးသေးသမျှ ဆိပ်ကမ်းမှာပဲနေဖို့ ငါ့စိတ်ငါ ဆုံးဖြတ်ထားမိတယ်။ ငါ့ကို ရောင်းစားပစ်လိုက်ရင် တောင်မှပဲ၊ ဘိုးဘိုး ဝင်ပါလာရမှာကို ငါ မလိုလားဘူး။ လူတွေက စိုးရိမ်တကြီး စိုက်ကြည့်နေကြတုန်း စာရေးစားပွဲမှာ ထိုင်နေရင်းနဲ့ အဖေ့ရဲ့ စီးပွားရေးဂျာနယ်တွေကို ငါ ပြန်ဖတ်ကြည့်နေမိတယ်။ ငါ တိတ်တိတ်လေးပဲ ထိုင်နေရင်း အဲဒီ့တစ်နေ့လုံး ဂျာနယ်တွေကိုပဲ လေ့လာနေမိတယ်၊ တခြားလူတွေအားလုံးကတော့ စိုးရိမ်တကြီးနဲ့ပဲ သူတို့ရဲ့ အလုပ်ခွင်ဆီကို ပြန်သွားကြလေတယ်။

Rebirth of Fa Wei Lan {Myanmar Translation}Donde viven las historias. Descúbrelo ahora