십육

2.7K 370 19
                                    

Unicode >>>>>

စတင်ခြင်းဆိုတဲ့ အရာသာ မရှိခဲ့ရင် အဆုံးအသတ်ဆိုတဲ့ အရာလဲ ရှိလာခဲ့မှာ မဟုတ်ဘူး.....

အဆုံးသတ်ဆိုတဲ့ လမ်းခွဲဖို့ စွန့်လွှတ်ဖို့
ဆိုတဲ့ စကားကိုလဲ နှလုံးသားက လုံးဝ ကို
မပြောခွင့်ပေးခဲ့ဘူး....

အချိန်တန်ရင် ဒါတွေအားလုံး အရာအားလုံးက ပြီးဆုံးသွားပေမဲ့ မပြီးဆုံးဘဲ
ကျန်ခဲ့တဲ့ အရာက သခင်လေး အပေါ် ထားတဲ့ ကျွန်တော် အချစ်တွေဘဲ နေလိမ့်မယ်.....

The Words In My Heart _________

ထယ်ယောင်း အခန်းထဲကနေ ထမင်းစား
ပွဲဝိုင်းအသေးလေးကို ကိုင်ကာ ထွက်လာတဲ့ သူ့ အိမ်က ကောင်မလေး

" သခင်ကြီး ဒီနေ့ လဲ မစားပြန်ပါဘူး "

သူ ထို ထမင်းစားပွဲ အဝိုင်းလေးကို
အပြေးလေးသွားကြည့်မိပါသည်။
ထမင်း တွေ ဟင်းတွေဟာ လုံးဝ လျှော့သွားခြင်း မရှိဘဲ အပြည့်ဖြင့် ပြန်ပါလာကြောင့် ဂျောင်ကု သက်ပြင်း ချမိသည်

" မကျွေးကြည့်ဘူးလား? "

"ဟုတ်ကဲ့ သခင်ကြီး ခံတွင်း မတွေ့ဘူး
လို့ဘဲ ပြန်ဖြေတာမို့ ကျွန်မလဲ.... "

" ထားလိုက်တော့....
ဒီနေ့ စျေးထဲသွားပြီး စတော်ဘယ်ရီ ဝယ်လာခဲ့ပေး "

"ဟုတ်ကဲ့ ပါ သခင်ကြီး "

ထို ကောင်မလေး ဟာ ဂျောင်ကု ကို အရိိုအသေ ပေးပြီး ထွက်သွားသည်နှင့်
တစ်ပြိုင်နက် ဂျောင်ကု ထယ်ယောင်း ရဲ့
အခန်းလေးကို ကြည့်မိသည်

မနေ့က ရေထဲ ကျပြီး အအေးပတ် ပြီး ဖျားသည် ထင်ပါရဲ့ လက်က ဒဏ်ရာကြောင့် လဲ ပါမည်ထင်သည်။

သူကိုယ်တိုင် လာမကြည့်သောလဲ သူ့လူတွေကို နှစ်ဆယ့်လေးနာရီ လုံး
ထယ်ယောင်း ရဲ့ အခြေအနေ ကို ဆက်တိုက် မေးယူနေတဲ့ ဂျောင်ကု

" ဂျွန်.... "

အခန်းဝမှာ ရပ်နေတုန်း အနောက်က လှမ်းခေါ်လိုက်တဲ့ နမ်ဂျွန်း ကြောင့် ဂျောင်ကု
လှည့်ကြည့်လိုက်သည်

"အော်... အကို "

"ထယ်ယောင်း လေး နေမကောင်း လို့ဆို
ညက အကိုလဲ လာကြည့်မလို့ဘဲ အဖေက
အမောဖောက်လာလို့ မလာဖြစ်တာ "

𝑇ℎ𝑒 𝑊𝑜𝑟𝑑𝑠 𝐼𝑛 𝑀𝑦 𝐻𝑒𝑎𝑟𝑡 [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin