Stepfather
***********"သား တခါတည်း ထမင်းဝင်စားလေ "
နားထဲဝင်လာတဲ့ အိုမားအသံကြောင့် နမ်ဂျွန်း သက်ပြင်းကို မသိမသာချရင်း ထမင်းဝိုင်းဆီသို့ဦးတည်လိုက်သည်..။
"ထိုင်"
"ကျွန်တော် ဗိုက်သိပ်မဆာဘူး အိုမားရဲ့"
"နည်းနည်းတော့ စားပါ ဂျွန်း ရဲ့..မိသားစု ထမင်းဝိုင်းပဲဟာကို. . . "
မိသားစု ထမင်းဝိုင်းတဲ့လား??မိမိရှေ့မှာ အပြုံးတဝင့်ဝင့်နဲ့ စကားပြောနေတဲ့ ထိုလူသားကြောင့် နမ်ဂျွန်း မျက်နှာက ပိုမို မဲ့ကျသွားကာ တူနှစ်ချောင်းကို ကျင်လည်စွာ ကိုင်တွယ်ရင်း. . .
"ဟုတ် ဆာသလောက် စားလိုက်မယ်လေ "
အိုမား ထမင်းပန်းကန်ထဲ ဝက်သားတစ်ဖက်ကို ထည့်ပေးပြီး ထမင်းစားရန်ပြင်လိုက်သော်လည်း စီကခနဲဝင်လာတဲ့ အသံစူးစူးကြောင့် နမ်ဂျွန်း လက်တောင် တုန်တက်သွားသည်..။ ဒါက ဘာအခြေအနေကြီးလဲ..?
"Hyung ကိုရော ဟင်းမထည့်ပေးချင်ဘူးလား..?ဂျွန်း ကHyung ကို ခုထက်ထိ အသိအမှတ် မပြုသေးဘူးလားဟင်!! "
မျက်နှာငယ်လေးနှင့် ဆော့ဂျင် ပုံစံက သနားစရာကောင်းလွန်းမှာ မလွဲပေ ၊ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မယားပါသားရဲ့ အသိအမှတ်ပြုခြင်းကို စောင့်ဆိုင်းနေသော သူ့ပုံစံက အော်စကာ ဝင်လောက်သည်လေ..။
အိုဂျောင်မီ မှာ ရုတ်တရက်ကြီး မို့ ဘာဝင်ပြောရမှန်းမသိ ဖြစ်နေကာ နမ်ဂျွန်း မှာတော့ အကဲပိုနေသော Daddy ငယ်ကို ကြည့်ရင်း ရင်ဘတ်က တဒိန်းဒိန်း တုန်ယင်လာသည်။
"Hyung ကလေ. . . . "
ဆော့ဂျင် စကားတောင်မဆုံးလိုက် ၊နမ်ဂျွန်း ထမင်းဝိုင်းမှ ထရပ်ကာ. . . .
"ကျွန်တော် တကယ်ဗိုက်မဆာလို့ ၊ ခဏနေမှပဲ စားတော့မယ် "
လှစ်လှစ်ပါအောင်ပြေးသော ခြေလှမ်းတို့သည် အပေါ်ထပ် ဝရန်တာ ဆီသို့ ဦးတည်၏..။ လေညှင်းများ သုတ်ခနဲဖြတ်တိုက်သွားသော်လည်း တစ်ကိုယ်လုံး မီးတောက်တစ်ခုလို ပူလောင်လျက်ရှိသည်..။ အကင်းမသေသေးသော ရင်ဘတ်ကို ဖိကိုင်ရင်း ခပ်တိုးတိုး ချော့မြူလိုက်ရသည်..။
ESTÁS LEYENDO
"Stepfather" [[ COMPLETED ]]✔
FanficNamjin✔ Sope ✔ Taekook ✔ နှလုံးသားမှာ အပြုံးတစ်ခုနှင့် နှုတ်ခမ်းအိအိလေးက အချစ်ဟူသောဝေါဟာရနဲ့အတူ အမြစ်တွယ်ခဲ့သည်..။ ထိုလူသားသည် ကျွန်တော်သိပ်ချစ်ရပါသော Daddyငယ် #Sanaymoeswe #Ownstory