" ဦး. . . .အီးဟီး. . . .အူးဝါး. . .!! "
ယွန်းဂီမှာ ဒီတစ်နှစ်စာအတွက်
မြေပဲဆီသန့်သန့်လေးစားရဖို့အရေး
စိုက်ခင်းထဲမှာ မြေပဲပျိူးနေတုန်း
စူးခနဲထွက်လာတဲ့ ငိုသံစူးစူးကြောင့်
ကိုင်ထားတဲ့မြေသြဇာထုပ်ကြီးကို
လွှတ်ချပြီး အသံလာရာဖက်ကို
သုတ်ချေတင်ရတော့တယ်။ဟော!တွေ့ပါပြီတဲ့။
စိုက်ခင်းနဲ့ခပ်လှမ်းလှမ်းမှာရှိတဲ့
တစ်ပင်တည်းရှိတဲ့မက်မွန်ပင်အောက်မှာ
မျက်နှာကြီးမော့ပြီးအာပြဲနဲ့ငိုနေတဲ့
တူဖြစ်သူကို။" ဘာဖြစ်လဲ ဂျီမင်. ."
" ဦး. . .ပျား. . အီး. .ဟီး
သားလက်ကို ပျားတုပ်သွားတယ်. .အီးဟီး. ."ဟုတ်ပါရဲ့. . .
ရှေ့ကိုထိုးပြလာတဲ့လက်သေးသေးလေးတွေက
ပျားဆိပ်ကြောင့်ယောင်ယမ်းလို့နေတယ်။
ဒီကလေးနှယ်. . .
တစ်နေ့တစ်မျိူးမရိုးရလေအောင်
မွှေလိုက်ပါဘိနှယ်။တနေ့ကလည်း. . .
မြောင်ဆူးတို့ရဲ့ခွေးရှေ့
ကို့ရို့ကားယားကြီးသွားကပြလို့တဲ့
ဟိုကမျက်စိနောက်ပြီး လိုက်ကိုက်တာ။
တော်သေးတာပေါ့
အပင်ပေါ်တက်ပြေးတာမို့
အကိုက်မခံလိုက်ရဘူး။ဆူနေလည်း လေကုန်ယုံပဲ။
ကလေးတွေကဘာနားလည်မှာမို့လဲ!
အလိုက်ကန်းဆိုးမသိတာက
ကလေးကိုမွေးတုန်းကမွေးထားပြီး
ထိန်းတဲ့အချိန်ရောက်ရင်တော့
ဒီကအစ်ကိုကိုလာပြီး ဒုက္ခပေးတဲ့
ညီမတော်မင်ယွန်းဂျီနဲ့ရွှေယောက်ဖပတ်ခ်ဒိုဂျင်။ဟင်း. . .မင်ယွန်းဂီတို့မယ်
တစ်နေ့နဲ့တစ်နေ့ကို
ကလေးတစ်ယောက်နဲ့အလုပ်ကိုဖြစ်လို့။" ကဲ. .ကဲ. .မငိုနဲ့တော့။
အိမ် ပြန်ပြီး ရေမိုးချိူး ဆေးထည့်ပေးမယ်
ဟုတ်ပြီလား ""အွန် . . .ဟင့်! "
ဒီလိုနဲ့ယွန်းဂီလည်း တူဖြစ်သူရဲ့လက်ကိုဆွဲ
ပေါက်ပြားတစ်လက်ကိုပုခုံးပေါ်ထမ်းလို့
အိမ်အပြန်လမ်းကိုဦးတည်လိုက်တော့တယ်။
- - -
ငယ်ငယ်လေးတည်းက ရေချိုးရင်
ရေနွေးနဲ့အကျင့်လုပ်ထားပေးတဲ့
ဂျီမင်ကို ယွန်းဂီမှာသူချိူးဖို့ကို
သံဇလုံထဲမှာရေနွေးတွေဘာတွေစပ်ပေးရသေးတယ်။