Episode-1💙💫

118 8 7
                                    

(unicode)
အခန်းရဲ့မှန်ပြတင်းပေါက်မှာရေစက်အချို့စိုရွှဲနေပြီး အပြင်ကပုံရိပ်အချို့ကိုသဲသဲကွဲကွဲမမြင်ရပေ
မြို့လယ်ခေါင်လူနေထူထပ်တဲ့ပတ်ဝန်းကျင်လည်းဖြစ်ပြီး မိုးမျှော်တိုက်ရဲ့ ဆယ်သုံးလွှမြောက်ကအခန်းဖြစ်တာမို့ နေရာတော်တော်များများကိုအပေါ်စည်းကနေမြင်နေရသည်

မွေးကတည်းက အမိအဖအသိုင်းအဝိုင်းရှိတယ်ဆိုပေမဲ့ သူ့ဘဝကိုသူပဲထိန်းကျောင်းခဲ့ရသည် ငယ်စဉ်ကတည်းကသူ့ဝေယျာဝစ္စကိုကိုယ်တိုင်ပင်လုပ်ခဲ့ရသည် သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းဆိုလည်းများများစားစားမရှိ။

အရွယ်ရောက်လို့ကျောင်းပြီးတော့ ဝါသနာပါရာရှေ့နေအလုပ်ကိုလုပ်ခဲ့သည် ဝါသနာပါတဲ့အလုပ်မို့ မပင်ပန်းခဲ့ဘူး အမြဲအားနွဲ့တဲ့လူတွေဘက်ကပဲကူညီရပ်တည်ပေးခဲ့တာမို့ ဘဝမှာကံကောင်းခြင်းတစ်ခုတော့ရမည်ဟုတွေးမိပါသည် ဒါပေမဲ့ဘဝမှာအခုထိ လိုက်သမျှအမှုနိုင်တာကလွဲလို့ပိုကံကောင်းခြင်းမရှိခဲ့ဖူး....

ကော်ဖီသောက်ရင်းအုံ့မှိုင်းနေတဲ့ကောင်းကင်ကိုကြည့်ကာအထီးကျန်ခဲ့တဲ့မိမိအတိတ်ကိုတွေးနေရင်းကနေ လက်ကနာရီကိုငုံ့ကြည့်လိုက်တော့ 8:30
ဒီအချိန်ပြင်ဆင်မှ 10:00ရုံးချိန်းကိုမှီပေမည် "ရန်ကုန်"ဆိုသည့်အတိုင်း ကားကလည်းကျပ်ပေအုံးမည်....အကုန်ပြင်ဆင်ပြီးစားပွဲပေါ်ကလိုအပ်တဲ့စာရွက်စာတမ်းအချို့ကိုယူလိုက်တော့

~ဦးနေသွင်သစ်(တရားလွှတ်တော်ရှေ့နေ L L.B)~
_______________
"အလုံးစုံစစ်ဆေးပြီးပြီဆိုတော့အမိန့်ချမယ်"

အားလုံးမတ်တပ်ရပ်ပြီးတရားသူကြီးအမိန့်ကို ရင်သပ်ရှုမောစောင့်နေသည်

"စီရင်ချက်ချမည် တရားမမှုအမှတ် ၁၃၈/၂၀၂၀ တရားလိုဦးရာဇာမှတရားပြိုင် ဒေါ်ခင်အေးအား ကလေးရယူလိုမှု ဖြင့်တရားရုံးသို့ဦးတိုက်လျှောက်ထားလာသည် စစ်ဆေးချက်အရ ခလေးမှာ အလွန်ငယ်ရွယ်သေးသည်ဖြစ်တာမို့မိခင် ဒေါ်ခင်အေးသာလျှင်စောင့်ရှောက့်သင့်သည်ဟု ရုံးတော်မှထင်မြင်သည် ထို့ကြောင့် ဒေါ်ခင်အေး ကိုကလေးကိုဆက်လက်စောင့်ရှောက်ရန်တရားရုံးမှအမိန့်ချမှတ်လိုက်သည်"

🎉 You've finished reading ကြယ်ကြွေညရဲ့လမင်းရှိုက်သံ (Uni) ကြယ်ကြွေညရဲ့လမင်းရှိုက်သံ (Zaw) 🎉
ကြယ်ကြွေညရဲ့လမင်းရှိုက်သံ (Uni)      ကြယ်ကြွေညရဲ့လမင်းရှိုက်သံ (Zaw)Where stories live. Discover now