"ကို..."
"ပြောလေ ရိပေါ်"
"ကိုနဲ့ရိပေါ်တို့ ဒီလိုချစ်သူတွေဖြစ်လာပြီး တူတူနေရမယ်လို့ မမျှော်လင့်ခဲ့ဘူး သိလားကို"
"အင်း ကိုကောဘဲ ကိုတို့အတွဲကလေ ကြောင်နဲ့ကြွက်လိုပဲဆိုတော့လေ"
"ကိုနော်😒"
"အမယ်လေး ဒါလေးပြောမိပါတယ် နှုတ်ခမ်းကစူပြီး မျက်မှောင်ကကြုတ်ပြီ"
"အင်းလေ ကလေးကအကောင်းပြောတာကို"
"ဒါကြီးက ကလေးတဲ့လား"
"ဟာ...တော်ပြီ..ဆက်မပြောတော့ဘူး..ဒီနေ့အပြင်မှာသွားအိပ် အခန်းထဲလာမအိပ်နဲ့"
"ကလေးပြောတာနော် ပြီးမှ...ကိုကိုရေ မှောင်နေတာကြောက်လို့ ဘေးမှာတစ်ယောက်မှမရှိရင်မအိပ်ရဲဘူးဆိုပြီး လာမခေါ်နဲ့နော်"
"တွေ့လား ပြန်ချော့မယ်တော့ စိတ်မကူးဘူး"
"ဟုတ်ပါပြီ စိတ်မဆိုးနဲ့ ရေမြန်မြန်သွားချိုး ပြီးရင် ဝယ်စရာရှိတာတွေသွား ဝယ်ရအောင်"
"အင်း ကိုကို..ဒါနဲ့....morning kissမပေးရသေးဘူး🙄"
ရှောင်ကျန့် ရိပေါ်ပါးလေးကိုကိုင်ကာ နဖူးလေးကို ပန်းနုရောင်သန်းနေတဲ့နှုတ်ခမ်းလေးနဲ့ပေးလိုက်သည်🤧
"ရပြီလား ..?"
"အင်း ကိုကို"
ရိပေါ်လည်းအိပ်ရာပေါ်က ရေချိုးဖို့လုပ်နေတုန်း
"ကလေးဒါနဲ့ ခေါင်းလျှော်ခဲ့နော် ခေါင်းကအမှိုက်ပုံနံ့ရနေတယ်"
"ရှောငိကျန့်!!!!"
ရိပေါ်ဆောင့်အောင့်ကာ ရေချိုးခန်းထဲသို့ဝင်သွားသည်။
"ကိုကို..."
"အင်း""အကျီလဲပြီးရင် ကလေးကို dryer လာမှုတ်ပေး"
"ပေးပေး"
"ကိုကို အဲ့လိုမှုတ်ပေးရင် အရမ်းပျော်တာဘဲသိလား"
"အင်းပါ ကယ်ပြီးပြီ"
ရှောင်ကျန့်ရိပေါ်ပါးလေးနှစ်ဖက်ကိုညစ်လိုက်ကာ ရိပေါ်နှာခေါင်းလေးကို ပွတ်လိုက်သည်။
YOU ARE READING
Finding you💔
Fiksi Penggemarမလိုအပ်တော့ဘူးထင်တဲ့လက်တစ်စုံကိုပစ်ချခဲ့တာ အခု..ပစ်ချခဲ့မိတဲ့လက်...ဘယ်သူ့လက်နဲ့တွဲထားပြီးလဲ???