မားဆီကနေ ပြန်လာကတည်းက
သူ အခန်းအောင်းတယ်..။တစ်ပတ်ကျော်လာတော့
ဆက်အောင်းချင်ရင်တောင်
စားစရာက မရှိတော့တာမို့
စျေးဝယ်ထွက်ရပြန်တယ်..။သူ အပြင်ကအပြန်
ပစ္စည်းတွေ အတင်အချလုပ်နေတဲ့
ကားနှစ်စီးက
သူတို့တိုက်ရှေ့မယ် ရပ်လို့..။လူသစ်ပြောင်းလာပုံပဲ..။
လှေကားကနေအတက်
ကျွန်းဘီဒိုကြီး သယ်နေတာနဲ့တိုးလို့
ရပ်စောင့်နေရသေးတယ်..။လူသစ်က ချမ်းသာပုံရတယ်..။
ချမ်းသာရုံတင်မက
ကြီးလဲ ကြီးကျယ်ပုံရ...။တိုက်ခန်းလေး နှာခေါင်းပေါက်လောက်ကို
ဘယ်လိုတွေတောင် သယ်လာတာတုန်း..။
ရူးပ..။သူ့အခန်းရှေ့အရောက်
လူ့ဂွစာကြီးကို တွေ့ပြန်တယ်..။သူ့ကိုတွေ့တော့ အဘိုးကြီးက
အနားကပ်လို့ ပြောလာပါတယ်..။"မင်းဘေးခန်းကို လူသစ်ရောက်လာပြီ"တဲ့..
သူ မသိမသာ အကဲခတ်လိုက်တော့
စောစောက သူ့ရှေ့ကနေ သယ်သွားကြတဲ့
ကျွန်းဗီဒိုကြီးက အပေါက်ဝနဲ့မဆန့်လို့
အလုပ်သမားတွေ ဗျာများနေကြတယ်..။အလကားဇာချဲ့ချင်တာကို
ခံပေါ့..။သူ ဒီဘက်ပြန်လှည့်လိုက်တော့
အဘိုးကြီးက သူ့ကြည့်လို့ပြောပြန်တယ်..။"အိမ်ရှင်ကို မတွေ့မိဘူးနော်.."တဲ့
တွေ့တော့ရော ဘာလုပ်ရမှာလဲ
ရှုပ်ရှုပ်ယှက်ယှက်..။သူ့အခန်းတံခါးကိုသာ
မြန်မြန်ဖွင့်ရင်း
အထဲဝင်လာခဲ့လိုက်တယ်..။-----------------------------------------------
အိပ်မပျော်တာနဲ့
အိမ်နောက်ဘက်ကိုထွက်
ဝရံတာမှာထိုင်ရင်း
ကြယ်တွေကို ငေးတယ်..။ကြယ်တွေကူးခတ်နေတဲ့
မျက်ဝန်းတစ်စုံကို သတိရတယ်..။ကြောင်ကလေးက
လက်သည်းဝှက်လို့သွားတယ်..။သူ့မှာတော့ တွေးလို့ ဆွေးလို့..။
-------------------------------------------------