L for love

1K 43 10
                                    

(zawgyi)

" ကျွန်နော် နောက်ဆုံးတော့သိလိုက်ပီ
.အချစ်ဆိုတာ

သစ္စာရှိတဲ့သူနဲ့သာ ဆုံတွေ့ခွင့်ရခဲ့ရင် ဘဝအတွက်အားဆေးတခွက်

သစ္စာမဲ့တဲ့သူနဲ့တွေဆုံခဲ့ရင်တော့ အဆိပ်ပြင်းပြင်းတခွက်ကိုသောက်လိုက်ရသလိုပါဘဲ"

နောက်ဆုံးစားသားလေးကို အစအဆုံးတခေါက် သေချာပြန်ဖတ်ရင်း mew စိတ်ကျေနပ်စွာ ရေရွတ်လိုက်မိတယ်

"Ok!Done.... Let's poblish"

အင်ဂျင်နီယာဘွဲ့အပြင် Ph.D ပါရထားပီး ကျောင်းမှာ ဆရာတဦးအဖြစ်လုပ်ကိုင်နေတဲ့ mew suppsit တယောက် ဝါသနာအရ Wattpad လောကထဲ "panda" ဆိုတဲ့ ကလောင်နမည်နဲ့ authorတယောက်အဖြစ် fan fiction တွေရေးနေသေးသည်

ဒီနေ့လည်းကျောင်းပိတ်ရက်မို့ ဘယ်မှမသွားဘဲ အိမ်မှာဘဲနေပီး လွန်ခဲ့တဲ့ နှစ်လလောက်က စရေးဖြစ်ခဲ့တဲ့ Fan fiction လေးတစ်ခုကို အဆုံးသတ်ရင်း အလုပ်ရူပ်နေခဲ့လေသည်

ဒါဟာ ကျွန်နော့် ဘဝရဲ့နေ့စဉ်ဖြတ်သန်းမူတွေပါပဲ ကျောင်းဖွင့်ရက်ဆို စာသင်... ကျောင်းပိတ်ရက်ဆို တနေကုန် laptopရှေ့ စာထိုင်ရေး... စာဖတ်သူတွေရဲ့ ဝေဖန်ချက် တုံပြန်ချက်တွေကိုလိုက်ကြည်...
အချိန်ရရင် commentတစ်ခုစိတိုင်းကိုလည်း သေချာလိုက်ဖတ်ပီး စာပြန်ပေးဖြစ်တယ်

"New comment on..."

အော် ခုလည်း ဇတ်သိမ်းပိုင်းလေး publish လုပ်ပီး ခဏအတွင်း commentလေးတွေ တက်လာပီ ပထမဆုံး comment ကို ကြည့်လိုက်တော့ gulf kanawat

"ဇတ်သိမ်းပိုင်းလေး အရမ်းကြိုက်တယ် ပီးသွားပီဆိုတော့ လွမ်းနေရတော့မှာပဲဗျာ"

သူလေးကို သတိထားမိနေတာ ကြာပီ ကျွန်နော်ရဲ့ fictionတိုင်းကို voteတွေပေး commentတွေရေးပေးတဲ့သူ ကျွန်နော့်ရဲ့အမာခံပရိသတ်ကြီးဆိုပါတော့ဗျာ

"ဟုတ် ကျေးဇူးပါ နောက်ထပ်အသစ်လေးတွေကြရင်လည်း အားပေးပါအုန်း"

ကျွန်နော် စာပြန်လိုက်တော့ ချက်ချင်း kiss emojiလေး ပို့လာတဲ့ ထိုကောင်လေး စာဖတ်ဝါသနာလည်းတော်တော်ပါမယ့်ပုံပေါ်သည်

သူ့acc coverမှာဆိုရင် သူဝယ်ပီးစုထားတဲ့ စာအုပ်တွေတင်ထားတဲ့ စာအုပ်စင်ပုံလေးတွေကို တင်ထားတယ် profile fileမှာတော့ အဖြူရောင် suitလေးနဲ့ ဘေးတစောင်းအနေအထား နှင်းဆီဖြူ
နှင်းဆီဝါတွေနဲ့ ပန်းစည်းကိုကိုင်ထားတဲ့ ပုံလေးတင်ထားတယ်

L for love(one shot)Where stories live. Discover now