I'll Be Yours Forever

706 36 0
                                    

"တောက်..တောက်..တောက်"

ညဥ့်နက် မီးဝါဝါကျင့်ကျင့်အရောင်ဖြာကျနေတဲ့ မီးဖိုခန်းလေးထဲမှာ တစ်စုံတစ်ခုဖြစ်ပွားသွားမှန်းအလွန်ပင်သိသာလှပါ၏။ပန်းကန်ကွဲများ ပန်းအိုးအကွဲစများ မြေမှုန့်များ။
ရေခဲသေတ္တာရဲ့ဘေးမှာတော့ တုန်ရင်နေတဲ့ ပခုံး နီကျစ်နေတဲ့မျက်လုံးတွေဖြစ်အောင် ရှိူက်ကြီးတငင်ငိူနေတဲ့ ကောင်မလေးတစ်ယောက် ရှိနေတယ်။

သူ့နာမည်က Chaeyoung။သူ့မိဘတွေ ရန်ဖြစ်ထားတာ ခုနက နှစ်ယောက်လုံးလက်ထဲမှာ ဓားတွေနဲ့။နောက် ဧည့်ခန်းထဲမှာပဲအသံတိတ်သွားလို့ သွားကြည့်လိုက်တာ နှစ်ယောက်လုံးသွေးအိူင်ထဲမှာ လဲနေကြပြီ။ကတုန်ကရင်နဲ့ အရေးပေါ်ဖုန်းကို ဆက်ဖို့တောင် ဖုန်းတွေက မိဘတွေ လက်ချက်နဲ့​ကွဲကြေနေပြီ။အပြင်ထွက် အကူအညီတောင်းရအောင်လဲ သူတို့နေနေတာက စွန့်ပစ်စတိုကြီးမှာ။

အဲ့တာနဲ့ ထိုင်ငိုနေမိတာ။နောက်တော့ စိတ်ငြိမ်အောင်လုပ်ပြီး အပြင်ကိုထွက်ပြီး အကူအညီတောင်းဖို့ပဲ။နောက်တော့ ရဲတွေပါကူညီပေးကြတယ်။ကိစ္စတွေပြီးသွားတော့ Chaeyoung မိဘမဲ့ကျောင်းကို ရောက်ခဲ့သည်ပေါ့။

မိဘမဲ့ကျောင်းလေးဟာ သူတို့နေခဲ့တဲ့အိမ်လို့ခေါ်လို့တောင်မရလောက်တဲ့ နေရာနဲ့ လားလားမျှမဆိုင်တာ။ပိုပြီးကောင်းတာပေါ့။Chaeyoung ကိုယ်တိုင်က ပေါင်းသင်းဆက်ဆံရေးမကောင်းတဲ့အပြင် ကျောင်းတောင်မတက်ခဲ့ရတော့ ပြောဆိုဆက်ဆံဖို့ခက်ခဲတယ်။သူလုပ်နေကြအလုပ်က စားမယ် အိပ်မယ် အရိုက်ခံမယ် စျေးရောင်းမယ် ငိုမယ် အပြင်မှမရှိခဲ့တာ။

ဒါပေမဲ့ သူ့ကို မိဘမဲ့ကျောင်းစစရောက်တဲ့နေ့က ဂါဝန်စိမ်းပြာရောင်ဂုတ်ဝဲဆံပင်လုံးလုံးလေးနဲ့ ပင်ဂွင်းပေါက်စကောင်မလေးဟာ သူ့ကို စကားစပြောခဲ့တယ်။နောက် သူ့ကို အဲ့ကောင်မလေးက သိမ်းထားတဲ့သကြားလုံးတွေကျွေးပြီး ''ဘယ်သူ့မှ မကျွေးနဲ့နော်''ဆိုပြီး နားနားလေးကပ်ပြီး ပြောသေးတယ်။သူ့နာမည်က ''Mina''တဲ့။သူနဲ့ရွယ်တူပါပဲ။ဒါပေမဲ့ Mina က ပိုချစ်ဖို့ကောင်းတယ်။

ညတိုင်းညတိုင်း အိမ်မက်ဆိုးတွေမက်တတ်တဲ့ ကျွန်မကို သူ့လက်ထဲကမချတဲ့ပင်ဂွင်းရုပ်လေးကို ကိုင်ပြီးအိပ်ဆိုပြီး စိတ်ချလက်ချပေးထားရော။နောက်ပိုင်း ကျွန်မ မိဘမဲ့ဂေဟာက သူတွေနဲ့တော်တော်ရင်းနှီးလာပြီး ဒါကလဲ Mina ကျေးဇူးကြောင့်ပါပဲ။

I'll Be Yours Forever(OneShot)Where stories live. Discover now