VVIP❣️"Boss"
"ပြောစရာရှိလို့လား ဇွဲကို"
"ဟုတ် Boss ပြင်သစ်ကမှာထားတဲ့စိန်ထည်တွေ တခြားအဖွဲ့စီပါသွားပါတယ်
ကျနော်အခုပဲသတင်းရလို့လာပြောတာပါ
ဘာဆက်လုပ်ဖို့ညွှန်ကြားလိုက်ရမလဲ""ဘာကွ……စိန်တွေပါသွားတယ်
ဟုတ်လားဇွဲကို"မာန်ဆုံလည်ထိုင်ခုံကနေထကာ ဇွဲကိုအနားတိုးသွားကားမေးလိုက်သည်။
မာန့်အသံက ပုံမှန်ထက်များစွာကြောက်ဖို့ကောင်းနေမှာမလွဲ။"ဟုတ် ဟုတ်ပါတယ်Boss"
"တောက် အလုပ်ကိုဘယ်လိုတွေလုပ်နေကြတာလဲ မင်းလမ်းကြောင်းကို သေချာမပြောပြဘူးလား ဟမ်"
"ပြောပါတယ်Boss အခုက ကျနော်တို့ဘက်က
ကားကိုပစ်လိုက်တာမို့ အခက်အခဲဖြစ်သွားတာပါ""ငါကွာ……အဲ့ဒီဟာတွေတန်ဖိုးက
အဲ့ဒီကားတွေထက်အမျာျးြားကြီးတန်တယ်
နားလည်လား အစကတည်းက လေယာဉ်ပါတခါထဲစီစဉ်လားလေ မင်းကွာ""ကျနော်လိုသွားပါတယ် Boss
တောင်းပန်ပါတယ်""တောင်းပန်တာကို ငါလိုချင်တာမဟုတ်ဘူး
အဲ့ဒီစိန်တွေကိုပဲပြန်လိုချင်တာ
ကျွတ်……ထားတော့ ဘယ်အဖွဲ့လဲသေချာစုံစမ်း
သိရင်အကြောင်းပြန် ငါကိုယ်တိုင်လိုက်သတ်မယ်""ဟုတ်ကဲ့ Boss"
ဇွဲကိုပြန်ထွက်သွားသည်နှင့် မာန်စိတ်ရှုပ်စွာ နက်ခ်တိုင်ကိုဆွဲဖြုတ်လိုက်သည်။
တခြားပစ္စည်းတွေ ပါသွားရင်တောင် မာန်နှမြောမိမမဟုတ်ဘူး။
အခုပါသွားတဲ့စိန်တွေထဲမှ ကူးအတွက် လက်စွပ်လုပ်ပေးဖို့ သီးသန့်မှာထားတဲ့ စိန်ပွင့်လေးပါသွားတာမို့ မာန်နှမြောတာ။
နှမြောမိတာထက် ဒေါသထွက်တယ်ပဲပြောရမလား။
ရာရာစစ မာန်ပိုင်တဲ့အရာကိုများလာထိရဲကြတယ်။
မာန်ဟုန်ခွင်းအကြောင်းကို သိပ်သိချင်နေကြတယ်ထင်ပါ့။~တီ~
ဖုန်းမက်ခ်ျဆေ့ဝင်လာသည်မို့ ကြည့်လိုက်တော့
ကူးနောက်ကိုထည့်ထားသည့် လူယုံစီက။
ဖုန်းပေါ်မှာပေါ်လာသည့် ပုံကြောင့် မာန်အလိုမကျစွာ မျက်မှောင်ကြုံ့ လိုက်မိသည်။