ကျွန်တော်တို့ ကျန်မာရေး၀န်ထမ်းတွေက ရင့်ကျက်ရတယ်။ အရေးအကြီးဆုံးက မေတ္တာတရားပေါ့။ကိုယ်ချင်းစာစိတ်ဆိုလည်း မှန်တယ်။ လူနာတွေအပေါ်မှာ မငြိုမငြင် ပြုစုကုသမှု့ပေးရမယ်။ ခံယူချက်အရဆိုရင်တော့ လူနာသည်သာ ပထမ၊လူနာသည်သာ ဒုတိယ လူနာသည်သာ တတိယပေါ့ဗျာ။ဒီအတွေးနဲ့ ဒီခံယူချက်ကို လက်ကိုင်ထားပြီး ကျွန်တော် နေ့စဉ် ကြိုးစားနေတယ်။ကျွန်တော်တို့ ဆေးတက္ကသိုလ်ဆိုတာက စာတွေအများကြီး သင်ကြရတယ်။ မြန်မာစာ၊အဂ်လိပ်စာ၊physics,chemistry, Biochemistry, Anatomy အစရှိသဖြင့် များစွာသော ဘာသာရပ်များကို နှစ်အကြာကြီး သင်ယူကြရတယ်။လူ့အသက်နဲ့ရင်းပြီး လုပ်ရမယ့် အလုပ်ဖြစ်လို့ စာသင်ရာတွေ သေချာမှတ်သားရတယ် သေချာကျက်မှတ်ရတယ် အတော်ပင်ပန်းတယ်။ ပင်ပန်းပေမယ့် ကျွန်တော်ပျော်တယ်။ကျွန်တော် ဖြစ်ချင်တဲ့ လူနာတွေကို ခြေအစခေါင်းအဆုံး ပြုစုကုသမှု့ပေးနိုင်တော့မှာလေ။ကျွန်တော်က အေးချမ်းတဲ့အလုပ်ဆို အကုန်သဘောကျတယ်။ဒါ့ကြောင့်လည်းအပေါင်းအသင်းနည်းတာဆိုမှန်မယ်။ သူငယ်ချင်းတွေက မရှိဘူးလားဆိုတော့ မဟုတ်ဘူး။ရှိတယ် ဒါပေမယ့် သူတို့က အပြင်သွား ထွက်လည်ချင်ရင် ကျွန်တော်က အခန်းထဲအောင်းပြီး ကော်ဖီလေးတစ်ခွက်နဲ့စာအုပ်ဖတ်ချင်တာ ပြောရရင် typeမတူဘူးပေါ့ဗျာ။ Typeမတူလို့ သူတို့ကို အပစ်မဆိုပါဘူး ကိုယ်ကြိုက်ရာ ကြိုက်ရာပေါ့။ကျွန်တော်ဆို အေးအေးနေရတာကြိုက်ပေမယ့် ကျွန်တော့်အကိုကကျ အလုပ်နဲ့ လက် ၂၄နာရီမပြတ်အောင်လုပ်နေရတာကို နှစ်သက်သူပေါ့ဗျာ။
ကျွန်တော်တို့ မိသားစုက နွေးထွေးကြတယ်။ကျွန်တော့်မှာ အကိုတစ်ယောက်ရှိတယ် အဖေနဲ့ အမေကလည်း ကျွန်တော်တို့ ညီအကို နှစ်ယောက်လုံးကို ချစ်တယ်။ကျွန်တော်ကျောင်းတုန်းက အခန်းထဲက သူတွေက စတယ် ရန်လုပ်တယ်ဆိုရင် အကိုကဘဲ ရန်လိုက်ဖြစ်ပေးတာ။ကျွန်တော် အဲ့လို သူတစ်ပါးသွေးထွက်သံယို ဖြစ်အောင်မလုပ်ရက်ဘူး။သူတစ်ချက်ငါ့ကို ထိုးလို့ ငါတောင် ဒီလောက်နာနေတာ ငါပြန်ထိုးရင် အခုငါနာသလိုမျိုး သူနာသွားမှာ ဆိုတဲ့ စိတ်နဲ့ ကျွန်တော်သည်းခံ တယ်။အဲ့လို သည်းခံတာကို အကိုက လုံး၀မကြိုက်ဘူး ကျွန်တော့်ကို ပြန်ထိုးဖို့ပြောတယ်။ ကျွန်တော်က ပြန်မထိုးတော့ နောက်ဆုံး သူသည်းမခံနိုင်တော့ ကျွန်တော့်ရန်ပွဲတိုင်း အကိုက ပါ၀င်ပတ်သတ်လာတယ်။တစ်ခါကလည်း ရန်ဖြစ်နေရင်း ရန်လိုတဲ့ တစ်ဖက်ကလည်း မင်းညီက ငကြောက် ဘာမှ ပြန်မလုပ်ရဲဘူး အခြောက် ဆိုပြီး ပြောကြလို့ ကျွန်တော့်မှာ အကို့ကို ၀င်ဆွဲရသေးတယ်။မဆွဲရင် ဟိုဘက်ကကောင်သေတော့မှာလေ။ ကျွန်တော့်ကြောင့် အကို ရုံခန်းရောက်ပေါင်းလည်း မနည်းသလို မေမေ ကျောင်းအုပ်ဆရာမကြီးနဲ့တောင် ရင်းနှီးနေပြီ။ဒီလိုနဲ့ ကျွန်တော် ဆယ်တန်းအောင်တော့လည်း 6ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်ကို ရွေးချယ်ခဲ့တယ်။တက္ကသိုလ်တက်ရင်း 10တန်း ကလေးတွေကို guideပြန်လုပ်တယ်။အဲ့ဒီကရတဲ့ ၀င်ငွေလေးတွေကို တစ်၀က်စုတယ်၊ တစ်၀က်ကို မေမေ့ကို ကန်တော့တယ်။ကိုယ့်ရဲ့ ကိုယ်ပိုင်၀င်ငွေလေးနဲ့ တက္ကသိုလ် တက်ရတဲ့ ကျောင်းသားတစ်ယောက်ရဲ့ ခံစားချက်က သိပ်ကျေနပ်စရာကောင်းတယ်။တက္ကသိုလ်မှာ သူငယ်ချင်း တွေရတယ်။ရတဲ့ သူငယ်ချင်းတွေကလည်း ကျွန်တော့်လို ရေခဲတုံးတွေဗျ။စာရေးဆရာနဲ့ အဆိုတော်နဲ့ ပန်းချီဆရာနဲ့ အနုပညာရှင်တွေကြီးဘဲ။ဝါသနာပါရာကို လျှောက်လှမ်းကြရင်း ၅၂၈ဆိုတဲ့ မေတ္တာနဲ့ ကျွန်တော်တို့ ချစ်ကြတယ် ။ ပျော်စရာ အချိန်တွေကို သူတို့နဲ့ ဖန်တီးဖြစ်တယ်။ဒီလိုနဲ့ကျောင်းတက်ရင်း ကျွန်တော်တို့ရဲ့ လူငယ်သဘာ၀ အချစ်ဆိုတဲ့ အရာတစ်ခုက ၀င်ရောက်လာပြီ။ ဒီအရာ ကျွန်တော့်အတွက် ကံဆိုးစေတဲ့အရာတစ်ခုလား။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက သိပ္ပံဘာသာရပ်မှာ သင်ခဲ့ရတယ်။အဖိုအမဆိုတဲ့ သဘောက ဆွဲငင်ကြတယ်တဲ့။ရှိသေးတယ် သံလိုက်မှာလည်း အဖိုဓာတ်ရှိတဲ့ သံလိုက်နဲ့ အမဓာတ်ရှိတဲ့ သံလိုက်မှ ဆွဲငင်ကြတာတဲ့ မျိုးတူရင် တွန်းကန်တယ်တဲ့ ကျွန်တော့်အဖြစ်ကတော့ ထူးဆန်းသဗျ မျိုးတူကို မတွန်းကန်ဘဲ ဆွဲငင်ချင်နေတာ။ ဒါသဘာ၀တရားကိုလွန်ဆန်မိတာလား။
ချစ်တာတွေ မေတ္တာတွေ သစ္စာတွေနောက်ထား။လောလောဆယ်အရတွေးကြည့် အဖိုနဲ့အမ ပေါင်းဖက်လို့သာ လူသားဆိုတာ ဖြစ်လာတာ။အခု ကျွန်တော်ဖြစ်ချင်နေတဲ့ ပေါင်းစပ်မှု့ကရော သဘာ၀လွန်ကြီးလား။ကျွန်တော်က အခြောက်လား ။မဟုတ်ဘူး ကျွန်တော်မိန်းမလို မနေချင်ဘူး မိန်းကလေးတွေလို ထမိန်တွေ ရင်ဖုံးတွေမ၀တ်ချင်ဘူး အမျိုးသမီးတွေလို ခြေသည်းရှည်လက်သည်းရှည်နဲ့ ပန်ဆယ်ဟီးမျိုးလည်း မစီးချင်ဘူး။
ကျွန်တော် မိတ်ကပ်တွေ လိမ်းရတာမကြိုက်ဘူး
နှုတ်ခမ်းနီ ဆိုးရတာလဲ မကြိုက်ဘူး
မိန်းမတွေလို ဝတ်ရတာလဲ သဘောမကျဘူး
ဒါပေမယ့် မိန်းကလေးတွေလို ယောက်ျားလေးကို ချစ်နေတယ် ဘယ်လိုလုပ်ရမလဲ။ ဘာလို့လဲ ။ဘာလို့များ ငါ့အချစ်က ဒီလိုဖြစ်နေရတာလဲ ။ယောက်ျားလေး ကိုမှ ဘာလို့ သဘောကျနှစ်သက်ချင်နေတာလဲ။ကျွန်တော် လက်မခံချင်ဘူး ။လက်မခံချင်ဘူး ဆိုတာထက် လက်မခံနိုင်တာဆိုပိုမှန်မယ်။ပြင်လို့မရမယ့် အရာတစ်ခုအတွက် နောင်တတရားနဲ့ မရှင်သန်ချင်ဘူး။ကျွန်တော်တို့တွေက ဒီအချစ် အထူးသဖြင့် မျိုးတူ လိင်တူကို ချစ်မိတာက လွဲရင် သာမန်လူဘဲ။ဒါ့ကြောင့် လူထဲက လူ ဖြစ်ဖို့ အချစ်ကို ရှောင်ရမယ်။ကျွန်တော် ဘယ်သူ့ကိုမှ မချစ်ရင် ဘယ်သူ့ကိုမှ လက်မထပ်ရင် ကျွန်တော်က လူထဲက လူဘဲ။မဟုတ်လို့များ ချစ်မိခဲ့ရင် လိင်တူကို ချစ်သူတော်ထားမိရင် ကျွန်တော် လူထဲက လူဖြစ်ပေမယ့် ရွံစရာလူဖြစ်သွားမှာ။အဲ့လိုတော့ အဖြစ်မခံနိုင်။ ဒါ့ကြောင့် အချစ်မရှာဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ဖြစ်တည်မှု့နဲ့ ရပ်တည်မှူ့ကို စိတ်ခံစားချင်ကို မေမေတို့တော့ သိသင့်တယ်၊ သိစေချင်တယ်။မမျှော်လင့်ပါဘူးလို့ လိမ်ပြောပေမယ့် တကယ်တော့ ကိုယ့်ရဲ့ဖြစ်တည်မှု့ကို လက်ခံပေးဖို့ မျှော်လင့်နေမိတယ်။
YOU ARE READING
လူဆိုသော လူ
Short StoryGay တစ်ယောက်က သူ့ရဲ့ မိဘကို come out လုပ်တဲ့ အခါ ဖြစ်လာတဲ့ အခြေအနေများကို ပုံဖော်ပါတယ်။