Zawgyi
နံနက်ခင်းနေရောင်မှာ ပြတင်းပေါက်မှ တဆင့်အိမ်ထဲသို့ဝင်လာသည်။ဖြူလျော့လျော့ အင်္ကျီကို ဝတ်ဆင်ထားသော Venessaမှာ အပြင်ဘက်ကို ငေးကြည့်နေရင်း စကားစလိုက်သည်။
"နင်နေကောင်းလာပြီဆိုတော့ ငါပြန်တော့မယ်"
မနက်စာစားနေရင်း အေးတိအေးစက်ပြောလိုက်သည့် Venessa စကားကြောင့် Yaungမှာ စားလက်စ ဇွန်းပြုတ်ကျသွားလေသည်။
"ဘာလို့လဲ....."
"ငါဒီကိုလာတယ်ဆိုတာ နင်သေလားရှင်လား လာအတည်ပြုတာ။ အခုနင်မသေသေးတာ သိရတော့ ပြီးပြီလေ၊ နင့်သမီးကိုတော့အခြေအနေတွေငြိမ်တဲ့အထိ ငါခေါ်ထားပေးမယ်"
Venessa မှာ ခွက်ထဲမှ လက်ကျန်ကော်ဖီကို မော့သောက်လိုက်ရင်း ထမင်းစားပွဲမှထသွားလိုက်သည်။ ပိုက်ဆံအိတ်ကိုဆွဲယူကာ အပြင်သို့ထွက်သွားသည့်အချိန်ထိ Yaumg အာစေးမိသလိုဖြစ်နေသည်။
"ကော်ဖီယူဦးမလား"
Philip၏ သတိပေးသံကြားမှပင် သတိပြန်ဝင်လာလေသည်။
"Boss က မင်းအစ်မနဲ့ မင်းကြားက အမွေလုပွဲကိုလာကူမယ်ထင်နေတာလား "
" ရေနစ်နေတဲ့လူက ကောက်ရိုးတစ်ပင်ကိုတောင်မျှော်လင့်ချက်နဲ့ ဖမ်းဆွဲထားတယ်မဟုတ်ဘူးလား"
Philip ခမျာ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ Boss က သူအကျိုးအမြတ်မကျန်ရင် လက်တစ်ချောင်းတောင်မလှုပ်တတ်။ သူ့အမေသေရသည့်ကိစ္စတွင် သွယ်ဝိုက်ပတ်သက်နေတ့ Lim မျိးရိုးကို ကူညီမယ့်အစား 1890ထုတ် ဝိုင်ပုလင်းကိုရေချိးကန်ထဲဖောက်ထည့် စိမ်ချိုးနေလိမ့်မယ်ဟု စိတ်ထဲကြိတ်လှောင်နေလိုက်သည်။
" ငါ့အစ်မ သတ်လိုက်လို့ သူ့အမေသေရတယ်ဆိုတာ ငါသိပါတယ်။ မတားနိုင်ခဲ့မိတာလည်း တောင်းပန်ချင်ပေမယ့် ငါတောင်းပန်လိုက်ရင်တောင် Madam ကအသက်ပြန်ရှင်လာမှာမှ မဟုတ်တော့တာလေ"
ပြတင်းပေါက်မှတဆင့် တဖွဲဖွဲကျဆင်းနေသော နှင်းများကိုကြည့်နေရင်း ခပ်တိုးတိုးပြောလိုက်ကာ သက်ပြင်းရှည်တစ်ခုကိုချမိလိုက်သည်။ Lim Yaumg အမှန်တကယ်ဖြတ်သန်းခဲ့ရသော ဘဝအကြောင်းကို Philip မသိ။သိလည်းမသိချင် သိဖို့လည်းတခါမှ မကြိုးစားခဲ့ဖူးပေ။
YOU ARE READING
Midnight Flower (Season 3)
Actionသန်းခေါင်ယံမှာ အလှဆုံးပွင့်ခဲ့တဲ့ ပန်းတွေလည်း မိုးသောက်ချိန်ရောက်ရင်ကြွေလွင့်သွားရတာ သဘာဝပါပဲ။ Final Season of Masquerade Series. Own Creation Not Translation Starting Date 26 April 2019 CV byHarley Robbie