" Can you feel the love tonight? 🎵🎵 The peace the evening brings🎵🎵. "
ခန်းမထဲတွင် Elton John's ရဲ့ Can you feel the love tonight သီချင်းလေးက ငြိမ့်ငြိမ့်လေးပျံ့လွင့်နေလေရဲ့။ Wedding ခန်းမထဲတွင် ဓာတ်ပုံရိုက်သူကရိုက်၊ အစားအသောက်လာမချသေး၍ စိတ်ညစ်ညစ်နဲ့ ရေနွေးကြမ်းထိုင်သောက်သူကသောက်နဲ့ ရှုပ်ယှက်ခတ်နေလေသည်။
ဒီနေ့ wedding က ကျွန်တော့ အတွက် အလွန် အရေးကြီးတဲ့ပွဲပေါ့။ သတိုးသားလောင်းက ကျွန်တော့အချစ်ဆုံးလေး လေ။ ရှုပ်ယှက်ခတ်နေတဲ့ ခန်းမကို ကြည့်ပြီး ကျွန်တော့ရဲ့အတွေးတွေလည်း အတိတ်ဖြစ်ရပ်ဆီကို ပြန်တွေးမိသွားတယ်။
ကျွန်တော့ နာမည်က လင်းရဲမာန်ပါ။ အမှန်တိုင်းပြောရရင် ကျွန်တော်က ငယ်ငယ်လေးထဲက gay နေသူတယောက်ပါ။ အရပ်စကားဆို "အခြောက်"ပေါ့။ အသက်၁၀နှစ် မှစပြီး နှုတ်ခမ်းနီ၊ မိတ်ကပ်တွေ စိတ်ဝင်စားခဲ့တယ်။ လမ်းလျှောက်ရင်လည်း နွဲ့နွဲ့လျလျလေး ဖြစ်နေတာက အကျင့်လိုဖြစ်နေခဲ့တာပေါ့။ အဖေကတော့ နွဲ့နှောင်းနေတဲ့ ကျွန်တော့ ပုံစံကို ဘယ်တော့မှ အလိုမကျခဲ့ပေ။ ပိုဆိုးတာက ကျွန်တော်နဲ့ အသက်၃နှစ်သာကွာတဲ့ ညီလေးက ကျွန်တော့လိုမဟုတ်ပဲ အလွန် ယောကျာ်း ပီသနေတော့ အမြဲတမ်းညီလေးနဲ့ အနှိုင်းခံခဲ့ရတယ်။
တစ်ခါက အိမ်နီးချင်းအလှူအိမ်မှာ တစ်မိသားစုလုံးဝိုင်းကူလုပ်ကိုင်ပေး ရာ အဖေ(ဦးလင်းဟန်)မှ
" ဒါက သားအငယ်ကောင်လေ။ သူကအားကိုးရတယ်။ ထင်းခုတ်ပေးရမလား။ ရေခပ်ပေးရမလား။ အကုန်လုပ်နိုင်တယ်။ အကြီးကောင်ကတော့ ပျော့တိပျော့ဖတ်နဲ့ အားကိုးလို့ကိုမရပါဘူး။ "အိမ်နီးချင်း အဒေါ်ကြီးကတော့ ကျွန်တော့ကို အားနာသည့် အသံနဲ့ " အကြီးကောင်လေးက စာတော့ တော်ရှာပါတယ်ကွယ်။ ဘဝပေး ကုသိုလ်ကံကြောင့် အခုလို နွဲ့နွဲ့လေးဖြစ်သွားတာကလွဲလို့ပေါ့။ "
ထိုစကားလုံးများကို ကျွန်တော်ကြားလိုက်ရချိန် ရင်ထဲ အမျိုးအမည်မသိတဲ့ သိမ်ငယ်မှုတွေ အလုံးလိုက်ဝင်လာသလိုပဲ။ နှစ်ယောက်သားပြောနေကြတာက ကျွန်တော်နဲ့မလှမ်းမကမ်း အနေအထားမှာဆိုတော့ မကြားချင်လည်းကြားနေရသလိုဖြစ်နေခဲ့တာပေါ့။ မသိချင်ယောင်ဆောင်ပြီး ကြက်သွန်ခွာတဲ့အလုပ်ကိုသာ အာရုံစိုက်လိုက်တော့သည်။ ထိုနေ့က ကျခဲ့တဲ့ မျက်ရည်တွေက ကြက်သွန်အခိုးကြောင့်မဟုတ်ပဲကျွန်တော့ ရင်ထဲက ခံစားချက်တွေ ပေါက်ကွဲထွက်လာခြင်းဆိုတာတော့ ဘယ်သူမှ မသိလိုက်ပေ။
YOU ARE READING
အတိတ်သို့ တမ်းတခြင်း
Short StoryGay ကောင်လေးတယောက် ကြုံတွေ့ရတဲ့ သူ့ဘဝ ဇာတ်ကြောင်း ##own creation### ##BL###