အပိုင်း - ၁

482 22 0
                                    

* တစ်ကယ်တော့ မြ ဆိုတဲ့နာမည်ရဲ့
အရှည်ကောက်က မြစန္ဒာခင် ပါ...
မောင်က မြကို တစ်ကယ်ကြိုက်လို့ ယူတာမဟုတ်ပေမယ့် မောင့်ကိုတော့ မြ အရမ်းချစ်ပါတယ်... ....

မြ ဆိုတာ အနေအေးအေး ယဥ်ကျေးသိမ်မွေ့
မြန်မာဆန်သော အမျိုးသမီးတစ်ယောက်...
ဘာသာတရားလဲ ကိုင်းရိူင်း...လူကြီးမိဘ
ကို အရမ်းရိုသေတဲ့အပြင်
လင်ယောကျာ်းကိုလဲ အရမ်းချစ်ခင်ပြီး
မယားဝတ္တရားကျေတဲ့ အမျိုးသမီးတစ်ယောက်... ဒါပေမယ့် သူမ မှာ ချို့ယွင်းချက်တစ်ခု ရှိနေသည်...*

" မြ ရေ...မြ
လာပါအုံး ... "

" လာပါပြီ မေမေကြီး " ဆိုပြီး
မြတစ်ယောက် အိမ်ရှေ့ဧည့်ခန်းသို့ ရေးကြီးသုတ်ပျာ ထွက်လာသည်...

မေမေကြီး ဆိုသည်မှာ မြ ခင်ပွန်းစိုးမင်းသူရ
ရဲ့ အဖွား...

" ဒါက မေမေကြီးရဲ့ ညီမလေ..."

" သြော်...ဟုတ်....
မေမေကြီးရဲ့ ညီမ ဆိုတော့ မြက
အပြင်မှာ အရမ်းတွေ့ဖူးချင်နေတာ......."

"ဒါနဲ့ မြ တို့ အိမ်ထောင်သက်တမ်းက ဘနနှစ်"
လူကြီးပီပီစပ်စပ်စုစုလုပ်နေသော မေမေကြီးရဲ့ညီမ...

" မြတို့ရဲ့ အိမ်ထောင်သက် က အခုလာမယ့်
၈လပိုင်း ၁၇ ရက်ဆိုရင် ၇ နှစ်ပြည့်ပြီ
ကြီးမေ "

ကြီးမေကြီးတစ်ယောက် မျက်မှောင်ကြုံ့လိုက်သည်...

" ဟယ်... အိမ်ထောင်သက်က ၇ နှစ်ပြည့်တော့မယ်...
နင့် မြေးချွေးမ က ကလေးလဲ အဖက်မတင်ပါလားဟယ် ... ငါရဲ့ မြေးချွေးမ နဲ့များကွာပ့..."

မြ ရဲ့ မျက်နှာလေး ညှိုးငယ်သွားသည်

ထိုစဥ် မေမေကြီးမှ မြရဲ့လက်လေးများကို
ကိုင်ပြီး "သမီး...ကြီးမေကြီးကို ဧည့်ခံဖို့အတွက် ကော်ဖီလေးသွားဖျော်ပေး "

" ဟုတ် " ဆိုပြီး မြတစ်ယောက် မျက်နှာလေးကို ရုတ်တရက် ပြုံးချင်ယောင်ဆောင်လိုက်ပြီး တစ်လှမ်းချင်း တစ်လှမ်းချင်း မီးဖိုချောင်သို့ ဦးတည်ပြီး သွားလေသည်...

မြရဲ့စိတ်ထဲမှာ ဝမ်းနည်းချင်သလိုလို
ဖြစ်နေပြီး သူမတစ်ယောက် ထုံထိုင်းနေသည်...

ပန်းပန်လျှက်ပါ ( အိမ်ထောင်ရေးအရူပ်တော်ပုံဝတ္ထုကြီး )Where stories live. Discover now