အဲ့ဒီညက စလို့
ငါးလေးနဲ့ သူ ခင်သွားပါတယ်..။ပြီးတော့
လူကြီးတွေသိသွားရင်
ငါးလေးကို ကြော်စားလိုက်ကြမှာ
ကြောက်တာမို့
ညဘက်ကျမှ ကမ်းစပ်ကိုပြေးလို့
ခိုးခိုးတွေ့ရတယ်..။ဒါပေမဲ့ မလုံတဲ့ပါးစပ်က
လူစုံတာနဲ့ ထထကြွားမိတယ်..။
"တားမှာ တငယ်ချင်း ရှိသယ်..
တူက လူဟုတ်ဖူး
ငါးကလေး.."ကိုကိုက
သူ့ရဲ့တိုစိစိလေးဆံပင်လေးတွေကို
အသာဖွလို့ ရယ်ရင်းနဲ့ပြောတယ်..။"
"ကာတွန်းကားတွေ လျှော့ကြည့်.." တဲ့သူ စိတ်တိုတိုနဲ့
ခေါ်သွားပြီး ပြလိုက်ချင်ပေမယ့်
ပြပါဘူး..။မတော်လို့
သူ့ငါးလေးကို သဘောတွေကျပြီး
ကင်စားလိုက်ကြရင်
ဘယ်လိုလုပ်မလဲ..။ဒီနေ့တော့ သူ ဝမ်းနည်းနေတယ်..။
မားက ပြောတယ်..။
"တိတိရေ..မားတို့ နက်ဖြန်ပြန်ကြမယ်နော်.."တဲ့ငါးလေးနဲ့သူ မခွဲချင်ဘူး..။
ငါးလေးနဲ့အတူ ရေထဲဆင်းပြီး
လျှောက်လည်နေရတာကို
သူ သိပ်သဘောကျတယ်..။ရေအောက်ထဲမယ်
သူ ကြည့်နေကျ
ကာတွန်းကားတွေထဲကလို
လိပ်လေးတွေလည်းရှိပြီး
ငါးသေးသေးလေးတွေလည်း
အများကြီးရှိတာမို့....။ပြီးတော့
ငါးတွေမြင်တိုင်း
ကြော်စားရင် ကောင်းမယ်လို့
သူမတွေးတော့ဘူး..။သူ့ သူငယ်ချင်းက
ငါးကလေးမို့ ..
ငါးကလေးရဲ့သူငယ်ချင်း
ငါးကလေးတွေကို
ကြော်စားလိုက်လို့
ဘယ်ဖြစ်မလဲ....။ဒါကြောင့်မို့
အခု သူ ပုစွန်ပဲ စားပါတော့တယ်..။(Z)
အဲ့ဒီညက စလို႔
ငါးေလးနဲ႔ သူ ခင္သြားပါတယ္..။ၿပီးေတာ့
လူႀကီးေတြသိသြားရင္
ငါးေလးကို ေၾကာ္စားလိုက္ၾကမွာ
ေၾကာက္တာမို႔
ညဘက္က်မွ ကမ္းစပ္ကိုေျပးလို႔
ခိုးခိုးေတြ့ရတယ္..။ဒါေပမဲ့ မလံုတဲ့ပါးစပ္က
လူစံုတာနဲ႔ ထထႂကြားမိတယ္..။
"တားမွာ တငယ္ခ်င္း ရိွသယ္..
တူက လူဟုတ္ဖူး
ငါးကေလး.."ကိုကိုက
သူ႔ရဲ့တိုစိစိေလးဆံပင္ေလးေတြကို
အသာဖြလို႔ ရယ္ရင္းနဲ႔ေျပာတယ္..။"
"ကာတြန္းကားေတြ ေလ်ွာ့ၾကၫ့္.." တဲ့သူ စိတ္တိုတိုနဲ႔
ေခၚသြားၿပီး ျပလိုက္ခ်င္ေပမယ့္
ျပပါဘူး..။မေတာ္လို႔
သူ႔ငါးေလးကို သေဘာေတြက်ၿပီး
ကင္စားလိုက္ၾကရင္
ဘယ္လိုလုပ္မလဲ..။ဒီေန့ေတာ့ သူ ဝမ္းနည္းေနတယ္..။
မားက ေျပာတယ္..။
"တိတိေရ..မားတို႔ နက္ျဖန္ျပန္ၾကမယ္ေနာ္.."တဲ့ငါးေလးနဲ႔သူ မခဲြခ်င္ဘူး..။
ငါးေလးနဲ႔အတူ ေရထဲဆင္းၿပီး
ေလ်ွာက္လည္ေနရတာကို
သူ သိပ္သေဘာက်တယ္..။ေရေအာက္ထဲမယ္
သူ ၾကၫ့္ေနက်
ကာတြန္းကားေတြထဲကလို
လိပ္ေလးေတြလည္းရိွၿပီး
ငါးေသးေသးေလးေတြလည္း
အမ်ားႀကီးရိွတာမို႔....။ၿပီးေတာ့
ငါးေတျြမင္တိုင္း
ေၾကာ္စားရင္ ေကာင္းမယ္လို႔
သူမေတြးေတာ့ဘူး..။သူ႔ သူငယ္ခ်င္းက
ငါးကေလးမို႔ ..
ငါးကေလးရဲ့သူငယ္ခ်င္း
ငါးကေလးေတြကို
ေၾကာ္စားလိုက္လို႔
ဘယ္ျဖစ္မလဲ....။ဒါေၾကာင့္မို႔
အခု သူ ပုစြန္ပဲ စားပါေတာ့တယ္..။