အပိုင်း - ၂

339 20 1
                                    


ဒီရေမွှေးနံ့ကို မြ တစ်ယောက် ရင်းရင်းနှီးနှီး
ကို သိနေပုံရသည်...

" ဒီ...ဒီ အနံ့..."

" မောင်လေ မြ...မြကို အရမ်းချစ်တယ်
သိလား..."

....................

" ဟဲ့...ဟဲ့.......ဘာအသံတွေလဲ " ဆိုပြီး
မေမေကြီးတစ်ယောက် အိမ်ရှေ့သို့ ေရာက်လာသည်...

" မြ... မောင်လေ...မောင်...သိလား
ချစ်တယ်လို့ "

" ဟုတ်ပါပြီ ေမာင်ရယ်...
မောင်ရယ် ဘာလို့ အရက်တွေ ဒီလောက်သောက်လာရတာလဲ "

" ဟဲ့...ဟဲ့...မြ နင် နင့်ယောကျာ်းကို
နင်တို့အခန်းထဲသာခေါ်သွားပါတော့ဟယ်..."

" မြရေ..."

" ရှင့်...တော်ပီ..ဘာစကားမှ မပြောနဲ့တော့
လာ အပေါ်သွားမယ် "

" မောင့်ကို ချစ်...ချစ်ရဲ့...လား "

" အမလေး...မောင့်ရယ်...
မောင့်ကိုယ်လုံးကြီးကိ​ု အပေါ်ထပ်ထိ
မြ ဘယ်လို မ သွားရမလဲ "

" မြရယ်...သမီးဘာသာကြည့်ကြပ်လုပ်လိုက်
မေမေကြီးလဲ ပင်ပန်းနေပီ အိပ်တော့မယ် "

" ဟယ်..."

မောင့်ရဲ့လေးလံလှတဲ့ ခန္ဓာကိုယ်ကြီးကို
မြ တစ်ယောက် ကုန်းပိုးပြီး လှေကားပေါ်သို့
တစ်လှမ်းချင်းတက်သွားသည်...

" မြ ရေ...မြ အရမ်းချစ်တယ်လို့ "

" ချစ်ချင်ရင် ကုတင်ပေါ်ရောက်မှချစ်...
မောင့် ခန္ဓာကိုယ်ကြီးကို မ ပြီး လှေကားပေါ်တက်ရတာ လွယ်တယ်ထင်နေတာလား "

အခန်းတံခါးကို ဖွင့်လိုက်သော မြ

" ကဲ...ရောက်ပီ မောင်ရေ...
အိပ်ပေတော့ " ဆိုပြီး ကုတင်ပေါ်သို့
မောင့် ကို တင်ပေးလိုက်သောမြ..."
ရုတ်တရက်...အရှိန်ဖြင့် မောင့် ေပါ်သို့
ကျသွားတဲ့ မြ...

မောင်နဲ့မြတို့ နုတ်ခမ်းချင်း ထိသွားသည်...

မြ တစ်ယောက် ရုတ်တရက် မက်တပ်ရပ်လိုက်ပြီး အပြင်သို့ထွက်ရန်ပြင်နေချိန်မှာပဲ
မြရဲ့လက်ကို ဖမ်းဆွဲလိုက်သော မောင်...

" မြရယ်...အရမ်းချစ်တယ်...
ကိုယ်တို့ ဘဝမှာ ကလေးလေးသာ
ရလိုက်လို့ကတော့ ပိ​ု ပျော်စရာကောင်းမှာ "

မောင်တစ်ယောက် အိပ်နေရင်းနဲ့
ကယောင်ကတမ်းတွေပြောနေမှန်း မြ သိသည်...ဒါပေမယ့် မောင်တစ်ယောက်
ကလေးလိုချင်နေမှန်းလဲ မြသိသည်...
နည်းမျိုးစုံသုံးပြီးတော့လဲ ကလေးရအောင်
ကြိုးစားပြီးပြီ...ဒါပေမယ့် အဖက်မတင်...
မောင် တစ်ယောက် ကလေးလိုချင်ဇောဖြင့်
အပျော်ရှာတော့မယ်ဆိုတာ မြ စိတ်ထဲ
သိနေပြီ...

မြ တစ်ယောက် မောင့်ဘေးသို့
ကပ်ပြီး မောင့်လက်မောင်းကို ခေါင်းအုံးသဘော အုံးလိုက်သည်...
သူမ ရဲ့ အတွေးထဲမှာ တစ်ခု ပေါ်လာသည်

"ရေမွှေး...အဲ့ ေရမွှေးအနံ့က ... "

------

" ရှင် လူတစ်ယောက်လုံးကိုတောင်
မမြင်ဘူးလား..."

" ညီမ အရင် အမကို အရင်လာတိုက်တာလေ
အဲ့မေးခွန်းကို အစ်မက ညီမလေးကို အရင်ပြန်မေးရမှာ "

" ရှင့်လို လူမျိုးနဲ့စကားပြောဖို့အချိန်မရှိဘူး "

" မြ...မြ... ဘာဖြစ်ကြတာလဲ "

" ဘာမှ မဖြစ်ပါဘူး "

" သြော်...အစ်မ က ကိုစိုးမင်းသူရတို့အိမ်က
အိမ်ဖော်လား... မသိလို့ပါရှင့်...
တောင်းပန်ပါတယ် ဆောရီးပါနော် "

" ညီမ...ညီမလေး အစ်မကို ဘယ်လိုပြောလိုက်တယ်? "

" မဟုတ်လို့လား "

" မဟုတ်ပါဘူး...မြ က ကျွန်တော့်ရဲ့မိန်းမပါ "

" ဟင်...ထမီကြီးနဲ့ ဆိုတော့..."

" ဟုတ်တယ်...အကို့ရဲ့ မြ ကို
ဒီနေ့မှ ထမီဝတ်လာခိုင်းထားတာ...
သွားပြီနော်...အကို ညီမနဲ့ပြောဖို့အချိန်မရှိလို့ "

....................

" အိုရ်! !! မဖြစ်နိုင်ပါဘူး...
ငါ မောင့် ပေါ်ကို သံသယ တွေဝင်နေတာလား... ငါ့မောင်က ငါ့ကို အရမ်းချစ်တာ
ဘယ်တော့မှ ထားသွားမှာမဟုတ်ဘူး...
မောင် က မြ အတွက် ထာဝရအချစ်ဦးပါပဲ မောင်ရယ်..."

အပိုင်း - ၃ မျှော်....

ပန်းပန်လျှက်ပါ ( အိမ်ထောင်ရေးအရူပ်တော်ပုံဝတ္ထုကြီး )Where stories live. Discover now