#Unicode
"လိပ်ပြာငယ်"ဘုရားသခင်အလိုကျဖန်ဆင်းပေး
ထားတဲ့ပုံပန်းသွင်ပြင်က
ဘာအပြုအမူမှရှိမနေရင်တောင်
လှပ၏ ။သူဟာ ပြုံးရယ်လျှင်လည်း လှသလို
ငိုနေလျှင်လည်း လှသည် ...။ကျွန်တော့်ကောင်လေးဟာ နူးညံ့တဲ့လိပ်ပြာငယ်နှင့်ဆင်တူ၏ ။
လှပတဲ့ပန်းရောင်စုံတွေကြား
ပျံလွှားရင်း၊အပွင့်အဖူးတို့ဆီမှ
ဝတ်ရည်တွေစုပ်ယူသောက်သုံး
တတ်တဲ့ သဘာဝလိပ်ပြာငယ်
နဲ့တော့ ကွာခြားသွားသည်ပေါ့ ။ကျွန်တော့်ရဲ့လိပ်ပြာလေး ၊
ကျွန်တော်တစ်ဦးတည်းအတွက်
ဖြစ်တည်တဲ့လိပ်ပြာလေးသည်
လှပသောပန်းရောင်စုံတွေဆီ
မသွားဘဲ၊အဆိပ်ရိုင်းနှင့် ဆူးတွေ
ပြည့်နှက်နေသည့် ကျွန်တော့်ရဲ့
ပန်းခင်းတွေကြားသာ ပျံဝဲခဲ့သည် ။ကျွန်တော့်လိပ်ပြာငယ်သည် ထူးဆန်း၏ ။
☘️☘️☘️☘️
ဝင်လူမရှိသည့် ကျွန်တော့်နှလုံးသား
သည်တော်ကြာ ညစ်ထေးနေခဲ့ပုံရသည်။
ထိုလိပ်ပြာငယ်လေးသည် ကျွန်တော့်နှလုံးသားဆီသို့ တန်းတန်းမတ်မတ်
ပျံသန်းရင်း လာရောက်နားခိုခဲ့သည် ။" ခင်ဗျားက ဘယ်လိုလူလဲ "ဟူ၍
ပေါ့ပြတ်ပြတ်မေးခွန်းထုတ်တိုင်း
ကျွန်တော်သည်လည်း ခပ်အေးအေး စ,နောက်ဖြစ်ခဲ့သည်"ကိုယ်ဟာ တစ္ဆေတစ်ကောင်လေ ၊
ညဘက်တွေမှ လျှောက်သွားတတ်တဲ့
တစ္ဆေတစ်ကောင်ပေါ့ "ထိုသို့ပြန်ဖြေတိုင်း သူက ကျွန်တော့်ရဲ့
ခပ်ရှည်ရှည်ဆံနွယ်တွေကို နားနောက်
သပ်တင်ပေးရင်း၊ဟန်ပန်လေးနဲ့
ပြန်ပြောတတ်သေးသည် ။" ခင်ဗျားက တစ္ဆေနဲ့တူပါတယ်"
ထိုလိပ်ပြာငယ်သည် သူ့စကား
သူ့ဘာသူရယ်ရင်းပြုံးစိစိဖြစ်လာ
တော့သည် ။နဖူးပြင်ပေါ်ကခရမ်းနု
ရောင်ဆံနွယ်လေးတွေက သူ့
အမြင်အာရုံကိုနှောင့်ယှက်ပုံရ၍
ထိုဆံနွယ်တွေကိုကျွန်တော်ကပဲ
ခပ်ဖွဖွသပ်တင်ပေးဖြစ်သည်။
YOU ARE READING
M A R I P O S A { Completed }
Fanfictionသူသည် ကျွန်တော့်ဘဝထဲဝင်ရောက်လာသည့် လှပသော လိပ်ပြာငယ် .. ။