အပိုင်း - ၃

439 18 6
                                    


မနက်မိုးလင်း၍ ငှက်များရဲ့အသံများဖြင့်
လောက ကြီးသည် ညံကြွက်လျှက်ရှိသည်...
ဒါပေမယ့် မောင် မနိုးသေး...
မောင် မနိုးသေးပေမယ့် မြ တစ်ယောက် ရေမိုးချိုး အဝတ်စားလဲပြီးပြီ...
မောင့် ရဲ့ မျက်နှာသွယ်သွယ်လေးကို
မြ ငေးမောကြည့်နေသည်...

" သြော်...မောင် က အရမ်းချောတာပဲ...
သူများနောက်ပါသွားရင်တော့ ဒုက္ခ ပါပဲ "

မြ တစ်ယောက် မပြောမဆိုနဲ့
မောင့် ရဲ့ နှာခေါင်လေးကို လက်ညှိုးလေးနဲ့
ထိ လိုက်သည်...

" မောင့်ရဲ့ နှာခေါင်းလေးကိုလဲ ချစ်တယ် "

ပြီးရင် ေမာင့် ရဲ့ မျက်လုံးလေးနဲ့ မျက်ခုံးလေးတွေကို မထိတထိ ထိ လိုက်သည်...

" ဒီ မျက်ခုံးလေးတွေကိုလဲ အရမ်းချစ်တယ်
မောင့် မျက်လုံးလေးက ဝိုင်းစက်နေတာပဲ...
မောင့်ရဲ့မျက်တောင်လေးတွေဆိုရင်လဲ ရှည်ပြီး ကောက်နေတာမှ မိန်းကလေးထက်ဆိုးတယ် ... "

မောင် တစ်ယောက် မြ ရဲ့ လက်ကိ​ု ဝေ့ခနဲ
ကိုင်လိုက်သည်...

" မြ... မောင့် ကို ဘာတွေ ကလိနေတာလဲ "

" ဟင်...ဟင်...ဘာမှ မကလိ ​ပါဘူး..."

" ဝွန်း...မြနော်..."

" ကဲ...အိပ်ပုတ်ကြီး ထတော့..."

" ဝွန်း...မရဘူး... မြ မောင့်ကို အာဘွားအကြီးကြီးပေးမှ ထမယ် "

" ဟာ...ထပါဆိုနေ..."

" ဝွန်း...မထဘူး "

" ထမှာလား မထဘူးလား "

" အာဘွားပေးရင် ထမယ်လို့ "

မောင့်ရဲ့ပါးလေးကို မြ တစ်ယောက်
အနမ်းခြွေပေးလိုက်သည်...
မောင်တစ်ယောက် ကျေနပ်သွားဟန်...

သို့ပေမယ့် မောင့်မှာ လက်ရဲဇတ်ရဲ ရှိတယ်ဆိုတဲ့အတိုင်း မြ ရဲ့ နုတ်ခမ်းလေးကို နမ်းလိုက်သည်...

" ဟာ "

" ဟာကွာ!!! မင်းရဲ့ နုတ်ခမ်းလေးက
နူးညံ့ လိုက်တာ... "

" ဟာ..."

မောင်တစ်ယောက်ပေကပ်နေသေးသည်...
မြ တစ်ယောက် ရုတ်တရက် မောင့်ကို
ကလိထိုးလိုက်သည်...

ပန်းပန်လျှက်ပါ ( အိမ်ထောင်ရေးအရူပ်တော်ပုံဝတ္ထုကြီး )Where stories live. Discover now