|| Unicode ||
"ဟိုကောင်Boun!ဒီတစ်ပတ်ဟိုကောင့်အိမ်မှာပါတီရှိတယ်နော်။မမေ့နဲ့ မင်းခုတလောပျက်ကွက်တာများနေပြီ!"
ကျောင်းကမပြန်ခင်လှမ်းသတိပေးနေတဲ့ သကောင့်သားကို ဘာမှပြန်မဖြေဘဲလက်ကြားထဲရောက်နေပြီဖြစ်တဲ့ ဆေးလိပ်လေးကိုမီးညှိဖို့ပဲ ကျွန်တော်အာရုံရောက်နေမိတယ်။ပြန်မဖြေလို့ဟိုကောင် လှမ်းကျိန်ဆဲနေမယ်မှန်းသိပေမယ့် ဒီညနေခင်းမှာစကားအများကြီးပြောချင်နေစိတ်မရှိတာမို့ နှုတ်ဆိတ်နေလိုက်တယ်။ခါတိုင်းလည်း စကားအများကြီးပြောနေကျမဟုတ်တာမို့ ထိုသကောင့်သားအတွက်အထူးအဆန်းမဟုတ်။
"Fhu......"
ဆေးလိပ်ကိုဖွာလိုက်ရင် ထွက်လာတဲ့အငွေ့တွေကိုကျွန်တော်သိပ်သဘောကျတာ။ဆေးလိပ်တစ်ခါသောက်တိုင်း နှုတ်ခမ်းထဲကအလုအယက်ထွက်လာတဲ့ ဆေးလိပ်ငွေ့ကို ကြည့်ရင်းအတွေးနယ်ချဲ့တယ်ဆိုတာ နေ့တိုင်းလုပ်နေကျအရာတွေထဲကတစ်ခု။
*ဟိုကောင်လေး သိပ်ကြာတာပဲ ကျစ်*
စိတ်မရှည်စွာနဲ့သူတွေးလိုက်မိတယ်။
ကျန်နေတဲ့ဆေးလိပ်တိုအစလေးကိုမီးသတ်ပြီး အမှိုက်ပုံးထဲသွားပစ်တဲ့အချိန်ထိ စောင့်နေတဲ့သူကပေါ်မလာသေး။"သိပ်ဆိုးတယ်မင်း...."
ကျွန်တော်ခပ်ဖွဖွရေရွတ်မိတယ်။လုပ်ချင်ရာလုပ်နေတဲ့ အဲ့ကောင်လေးက သိပ်ဆိုးတယ်လို့ခင်ဗျားတို့ရော မထင်မိဘူးလား....
စောင့်နေရင်းပျင်းပျင်းရှိတာနဲ့ ဖုန်းထုတ်ပြီးရှိသမျှ ဆိုရှယ်မီဒီယာအကောင့်တွေကိုဝင်ကြည့်နေလိုက်တယ်။ပျင်းစရာကောင်းတဲ့ newsfeedတွေကိုပွတ်ဆွဲနေရင်း ပိုစ့်တစ်ခုကိုအတွေ့မှာ ကျွန်တော့်ရဲ့လက်တွေအလိုလိုရပ်တန့်ကုန်တယ်။
"ပြုံးရင် ကြည့်ကောင်းလို့အမြဲပြုံးနေပါလား ဆိုတာက????အဟက် ဘယ်သူ့ကိုပြောနေပြန်ပြီလဲမသိ စောင်နှာဘူးကောင်ကတော့"
ဝဲဘက်ရင်အုံကဆစ်ခနဲတက်လာတဲ့ နာကျင်မှုကိုမသိချင်ယောင်ဆောင်ရတဲ့ ဒုကခကလည်းအဆိုးသား။
လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ်လိမ်ညာရတာကသိပ်ခက်ခဲတယ်မဟုတ်လား။
YOU ARE READING
🎄Christmas Confession🎄
Fanfictionမင်းကငါ့အတွက်ဘယ်လိုလူလဲဆိုတာကို မြင်အောင်ကြည့်ကြည့် ကောင်လေး ငါ့မျက်ဝန်းတွေရဲ့အနက်ရှိုင်းဆုံးနေရာထိထွင်းဖောက်ပြီးတော့ပေါ့....