"လူကြီး...."
"ဟင်.."
ခေါင်းအုံးကို ချိုင်းကြားထဲညှပ်ပြီး အခန်းထဲဝင်လာတဲ့ rosie ကြောင့် အိပ်ဖို့ပြင်နေတဲ့ jennie အလန့်တကြားထူးလိုက်မိသည်....
"လူကြီးနဲ့အိပ်မလို့..ကလေး တစ်ယောက်ထဲမအိပ်ရဲဘူး..."
"ဟင်..ကုတင်မဆန့်လောက်ဖူးလေ ကလေးရယ်...ပြီးတော့ nini မအိပ်တတ်ဖူး"
"ဘာလို့လဲ..ကလေးတိတ်တိ်တ်လေးအိပ်ပေးမယ်လေနော်..."
မျက်နှာငယ်လေးပြောနေတဲ့ rosie ကို jennie သနားပေမယ့်လည်း......
"Nini က ဘေးနားမှာလူရှိရင်မအိပ်တတ်လို့ပါ...ကလေးက လိမ်မာပါတယ်.. ကိုယ့်အခန်းကိုယ်ပြန်အိပ်လိုက်နော်..."
"ကလေးသိပါတယ်..လူကြီးပြောင်းလဲသွားပြီဆိုတာ...ကလေးကိုလဲ jiji မျက်နှာကြောင့် ခေါ်နေရတာကို.....က..လေး.."
"ဟာ..ဟိတ်..ဘာလို့ငိုတာလဲ.."
ပြောရင်းတန်းလန်းငိုချလိုက်တဲ့ rosie ကြောင့် jennie အလန့်တကြားဖြစ်ပြီး rosie ဆီအမြန်ပြေးသွားလိုက်သည်....
"....."
ဘာမှမပြောတော့ဘဲ ရှိုက်နေတဲ့ rosie ကြောင့် နောက်ဆုံး စိတ်လျော့လိုက်ပြီး...
"အိပ်..အိပ်..ရတယ်"
"ရ..ရပါပြီ..ကဆောင့်ကအောင့်ကြီးအိပ်ခိုင်းနေတာ မအိပ်စေချင်သလိုကြီး အခန်းပြန်အိပ်တော့မယ်.."
လူကြီးနဲ့ ငမ်းငမ်းတက်အိပ်ချင်နေမှန်းမသိသာအောင် ဟန်ဆောင်ပြီးပြောနေရပေမယ့်....လူကြီး မတားမှာကြောက်နေမိတယ်...
"Rosie တသ်ယောက်ထဲမအိပ်ရဲဘုူးဆို nini နဲ့ဘဲ ဒီညကြပ်ကြပ်လေးအိပ်ကြတာပေါ့..မနက်မှ ကုတင်တစ်လုံးအခန်းထဲထည့်ခိုင်းလိုက်မယ်..."
*Yesss... huhu..တူတူအိပ်ရတော့မယ် အဟိ*
"အ.. "
"ဖြည်းဖြည်းလုပ်ပါ rosieရယ်..ကုတင်ကြီးထွက်မပြေးပါဘူး"
လက်နာနေတာကိုမေ့ပြီးကုတင်ပေါ်အားရဝမ်းသာတက်လိုက်တာ...ကျိုးနေတဲ့ဘက်ကလက်နဲ့ ထောက်မိလိုက်တာ..နာလိုက်တာ....
"ဟီး..လူကြီးလာလေ..အိပ်မယ်..."
ကလေးကတော့ ဘာမှမသိရှာတော့ ပျော်နေရှာတာ...jennie ကတော့ရင်ခုန်ရလွန်းလို့နှလုံးရောဂါရတော့မယ်ထင်တယ်...
