unicode
Houhai မှာ အမေနဲ့အတူ ice skating လေ့ကျင့်ခဲ့တာက ရှောင်းကျန့်အတွက် မမေ့နိူင်သည့် ငယ်ဘဝ အမှတ်တရတစ်ခုဟု ဆိုရလိမ့်မည်။
အဲဒီတုန်းက ရှောင်းကျန့် ၁၀ နှစ်။ skating မယ် ဖြစ်ခဲ့သည့် အမေ့ရဲ့လေ့ကျင့်ပေးမှုနဲ့အတူ ice skating ကို မတတ်တခေါက် စီးတတ်လာခဲ့တာက သူ့အတွက် ပျော်ရွှင်မှုအသစ်တစ်ခုပါပဲ။
ပုံမှန်နေ့ဆို အမေနဲ့အတူ စီးဖြစ်ကြပေမယ့် အဲဒီနေ့က အမေက ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ဆုံတာကြောင့် စကားခဏပြောဖို့ ကွင်းပြင်ထွက်သွားလေသည်။
အမေစကားပြောနေခိုက် သူတစ်ယောက်တည်း စီးနေခဲ့သည်။ကျွမ်းကျင်မှု မရှိတာကြောင့် သိပ်မကြာလိုက်။ ကောင်လေးတစ်ယောက်ကို ကံဆိုးစွာပင် သွားတိုက်မိသည်။
" အ "
နှစ်ယောက်လုံး ဖင်ထိုင်ကျသွားကြပေမယ့် တစ်ဖက်ကောင်လေးက အရင်ထနိူင်သည်။ ကောင်လေးက သူနဲ့ အရွယ်မတိမ်းမယိမ်းလေး။
" မင်း မျက်လုံးမပါဘူးလား "
အတိုက်ခံရတဲ့ ကောင်လေးက ချက်ချင်းပင် ရန်တွေ့သည်။
သူကတော့ သေချာတောင် ပြန်မထနိုင်။
" ဟေး ဘာဖြစ်နေကြတာလဲ "
အော်မေးသံနဲ့အတူ တခြားကောင်လေး သုံးယောက်ကလည်း သူတို့နှစ်ယောက်နား ရောက်လာကြသည်။
" ဒီငတုံးကောင် ငါ့ကိုဝင်တိုက်တယ် "
" သေချာ မစီးတတ်သေးဘူးထင်တယ် ထူပေးလိုက်ပါကွာ "
ကောင်လေးက သူငယ်ချင်းများရဲ့ နှိုးဆော်ချက်ကြောင့် ရှောင်းကျန့်နား ရောက်လာကာ လက်ကိုကမ်းပေးသည်။
" ငါ့လက်ဆွဲလိုက် "
" ကျေးဇူးပဲ . . ငါတကယ် မကျွမ်းကျင်သေးလို့ . . အား မင်းဘာလုပ်တာလဲ . . မလုပ်နဲ့ . . လွှတ်ပေးပါ . . အား . . "
ကောင်လေးလက်ကို ရှောင်းကျန့် ဆုပ်ကိုင်လိုက်သည်နှင့် ကောင်လေးက ထူပေးမည့်အစား ရေခဲပြင်တွင် သူ့ကို ဒရွတ်တိုက် ဆွဲခေါ်သွားသည်။
သူငယ်ချင်းများကတော့ လန့်နေသည့် သူ့ပုံစံကိုကြည့်ကာ ခွက်ထိုးခွက်လန် ရယ်ကြသည်။ တခြားလူများကလည်း ကလေးချင်း ဆော့နေသည်ဟုဆိုကာ ကူညီမပေးကြ။
YOU ARE READING
Hologram October, you and me ( Completed )
FanfictionUnicode + Zawgyi / one shot BJYX fanfiction #Melodies of months BJYX oneshot fanfiction # paintings of story cover credit to original artist