Unicode ver...
ဟောင်းနွမ်းနေတဲ့ ငါ့ရဲ့ Diaryလေးကို ဖုန်တွေခါပြီး လှန်လိုက်တဲ့ စာမျက်နှာမှာ မင်းရဲ့ ပြုံးနေတဲ့ ခဲပန်းချီလေးက တည်ရှိနေပါတယ် မောင်။
သေချာပေါက် ဒါငါဖန်တီးထားတဲ့ အရာပေါ့။
ခံစားချက်တွေက အရင်ကအတိုင်း ဘာမှမပြောင်းလဲခဲ့ဘူး။ မင်းအပြုံးတွေမြင်တိုင်း
ငါ့ကို ရင်ခုန်အောင် စွမ်းဆောင်နိုင်ဆဲပါပဲ။ငါမင်းကိုမလွမ်းအားခဲ့ဘူး မောင်။
ဘာလို့လဲမေးရင် ငါတစ်စက္ကန့်မှ မင်းကိုမမေ့ခဲ့ဖူးလို့။အရမ်းဝမ်းနည်းခဲ့ပေမဲ့ ထိုအချိန်လေးတွေဆီ ငါပြန်မသွားနိုင်ခဲ့ဘူး။ မြန်မြန်ပြန်လာပါတော့လား။ မင်းရဲ့လက်ဆောင်လေးကို ရင်ဝယ်ပိုက်လို့ မင်းကိုစောင့်မျှော်နေတဲ့ ငါ့ဆီ အမြန်ပြန်လာပါတော့လား မောင်။
ပြန်လမ်းမဲ့နေတဲ့ လူတစ်ယောက်ကို စောင့်ခဲ့တာက ထူးဆန်းနေမလား။
ထူးဆန်းတယ်ပဲထားတော့ အချစ်စက်ဝန်းထဲ ရူးမိုက်သူအဖို့တော့ ဒါက သမရိုးကျပါပဲမောင်။×××××
"အီးဟီး ငါ့ကိုကယ်ပါ Bao Bao ရယ် ငါ့ကို ကယ်ပါ အီးဟီး အင့်!"
"Zhan Zhanမင်းအခု ဘယ်မှာလဲ? မင်းဘာဖြစ်တာလဲ? "
"ငါ အင့် ကစား ကွင်းမှာ ဗြဲ!!!"
"ခဏ အဲ့မှာပဲနေ ဘယ်မှမသွားနဲ့နော် အခု ငါလာပြီ မငိုနဲ့!"
တီ!!
အလန့်တကြား စကားသံလေးကို ကြားရတော့ Xiao Zhanပြုံးစိစိနဲ့ ခိုးခိုးခစ်ခစ္ ခိုးရယ်နေလေသည်။
ဒါပဲလေ ကျွန်တော်က သိပြီးသားပဲ
Wang Yibo ဆိုတဲ့ ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်း Bao Baoက အခြားသူအပေါ်အေးတိအေးစက်နိုင်သလောက် ကျွန်တော့်အပေါ်မှာတော့ သိပ်ဂရုစိုက်တယ် ဆိုတာ။တကယ္ဝန်ခံရရင် သူပြာယာခတ်ပြီး ဂရုစိုက်ပေးတာကို ကျွန်တော် သိပ်ကို သဘောကျတယ် ဟိ။
မကြာလိုက်ပါ Yiboရဲ့ ဆိုင်ကယ်ကြီးက သူတို့လာနေကြ ကစားကွင်းမှာ ထိုးရပ်လို့။
Yibo ကိုယ်တိုင်ကတော့ ဆိုင်ကယ်ဦးထုတ်တောင် မချွတ်အားပဲ သူတို့ဆုံနေကြ ခလေးလျောစီးနေရာကို တဟုန်ထိုး ပြေးလွှားရောက်ရှိလာလေသည်။
YOU ARE READING
ငါမလွမ်းဘူး....မောင်
Fanfictionငါမလွမ်းအားဘူးမောင်။ ဘာလို့လဲဆို ငါ့မှာမင်းကို မမေ့ဖူးလို့။