Chapter_5

4.8K 607 23
                                    

Unicode

အမလွမ်နဲ့ ဈေးချိုထဲမှာပဲ နေ့လည်စာစားဖြစ်တော့သည် ။
မုန့်ဟင်းခါးဝင်စားပြီး မုန့်စိမ်းပေါင်း ၊ ဘိန်းမုန့် ၊ ‌
ဗမာမုန့်တွေအကုန် အမလွမ်နှင့်လျှောက်စား၏ ။
ရွာက ကလေးတွေအတွက်
ကွာစေ့လှော်တွေတောင်ဝယ်ခဲ့သေး ။

ရွာထဲပြန်ရောက်တော့ နေ့လည်စာစားချိန်ကျော်နေပီဖြစ်သည် ။
ပစ္စည်းတွေကလည်း တစ်ပုံ‌တခေါင်းကြီးရယ်..

တစ်ကယ်ဆို ဝယ်တာက ဟွမ်...
ဒါပေမယ့် ဝယ်သမျှက အမလွမ် အတွက်ချည်းပဲ...

ဆိုင်ကယ်နဲ့ပြန်လာတာကြောင့် ပစ္စည်းတွေ သယ်ရတာ ခက်ခဲသည် ။
‌တော်သေးသည် နေရောင်ခြည်က နွေးတေးတေးလေးဖြစ်နေတာကြောင့်
ပင်ပန်းတာတို့မရှိ ။

ပန်းရနံ့တချို့ ၊ နေရောင်ခြည်အရသာ ၊
ပြီးတော့ ဆိုင်ကယ် ‌အနောက်က အမလွမ်ရဲ့ စန္ဒကူး ကိုယ်သင်းနံ့လေး...
သိပ့်ကိုပြည့်စုံသည် ။

အမလွမ် အနားမှာ တစ်သက်လုံးသာ နေသွားလိုက်ချင်သည် ။
ပြောရမယ်ဆို အမလွမ်ရှိရင် ပြည့်စုံတာ‌မျိုး ။

အမလွမ်ကို သဘောကျနေမိတာများလား ။
ထိုသို့တွေးမိတော့ ရယ်မိတာ နူးနူးညံ့ညံ့ ။
ဘယ်လိုဖြစ်နိုင်မလဲ
တွေ့တာမှ ခဏလေးပဲရှိသေးတာ ။

ကိုယ့်အတွေးကိုကိုယ် ခေါင်းခါရင်း ဆိုင်ကယ်ရပ်ကာ
အိမ်ထဲဝင်နှင့်ပြီဖြစ်တဲ့ အမလွမ် အနောက်ကိုသာ ပြေးလိုက်မိတော့သည် ။

###########

ညနေစောင်းရေမိုးချိုးပြီးတော့ အမလွမ်က အကျီတိုင်းဖို့ပြောသည်။

‌အမက အပ်ချုပ်စက် ကို ခုံမှာထိုင်နေရင်း သေချာစစ်ဆေးနေ၏ ။
အမရဲ့ မျက်နှာနုနုကိုမြင်တော့ ဟွမ့်စိတ်ထဲ နေ့လည်က စဉ်းစားမိထားတာ ဝင်းခနဲ ပြန်ပေါ်လာတော့ ပြုံးရပြန်သည်မှာ ဟွမ်ကိုယ်တိုင် ။
အမလွမ်ရော စိတ်ထဲ ဘယ်လိုနေမလဲ သိချင်မိသား....

“အမလွမ် ”

“ခဏလေးစောင့် ညီမငယ်ရယ် ၊ အမကဒီစက်ကို တစ်ခါတစ်လေမှသုံးတာဆိုတော့ သေချာစစ်ရအုံးမယ်ကွယ် ”

ပြောပြီး စက်ကို ပြန်စစ်နေသော အမလွမ်ကို ပြန်မဖြေမိ အပြုံးလေးနှင့်သာ အမကိုဆက်ငေးနေမိသည် ။

ချစ်သော နန်း နှင့် ဟွမ် ( Completed )Donde viven las historias. Descúbrelo ahora