(Zawgyi Version)
ဖိန်ဟွားလို ဆောင်ကြာမြိုင်၌
ရီ မြို့ရှိ အကြီးဆုံးသော ဖိန်ဟွားလို ဆောင်ကြာမြိုင် သည် အမြဲလိုလို လူများ စည်ကားလျက်ရှိသည်။အရေးကြီးသတင်းအချက်အလက်များ အထူးသဖြင့် နန်းတွင်းပရိပက္ခများအကြောင်း ကို ဤနေရာတွင် လွယ်လင့်တကူ ရနိုင်သည်။ငွေမက်သူများကလည်း မသမာမှု ၊ လာဘ်စားမှုများကို ဤနေရာ၌သာ လုပ်ဆောင်ကြသည်။အထူးသဖြင့် ယောက်ျားသားအများစုမှာအပျော်အပါးမက်
သူများ ဖြစ်ကြသည်။ အပျော်အပါးမမက်ဘဲ ဖိန်ဟွားလိုသို့လာသူမှာမရှိသလောက်အောင်ကို နည်းပါးသည်။ ထိုလူနည်းစုထဲမှ ဟန်သခင်လေးအပါအဝင်ဖြစ်သည်။
ဟန်သခင်လေးမှာ ဖိန်ဟွားလို ၏ အထူးဧည့်သည်ဖြစ်သည်။ဟန်သခင်လေးမှာ အမြဲလာနေကြမဟုတ်သော်လည်း လူသိများသည်။ ဟန်သခင်လေးမှာ လူတိုင်းနှင့်ခပ်ခွာခွာ နေသည်။အထူးသဖြင့် မိန်းကလေး များအပေါ်တွင် ပိုဆိုးသည်။ သူ့အသားနှင့်ထိသော မိန်းကလေး တစ်ယောက် ကို လက်ရန်းမှ တွန်းချလိုက်၍ ဟန်သခင်လေးမှာ လူသိများ လာခဲ့သည် ။ ထိုနေ့မှစ၍ မိန်းကလေး များက သူ့ကို ရှောင်ရှားကြသည်။ထို့ကြောင့် လူများစုမှာ သူ့အသား အထိမခံနိုင်လျှင် လူများတဲ့ဆောင်ကြာမြိုင်ကို အဘယ်ကြောင့် လာသည်မှာ လူတိုင်း၏မေးချင်စရာမေးခွန်းပင်။
ဖိန်ဟွားလို ဒုတိယထပ် အခန်းပြင်ဘက်၌ ဟန်သခင်လေးမှာ စားပွဲခုံပေါ်တွင် ညာဘက်တစ်တောင်ဆစ်ဖြင့် လက်ထောက်ပြီး လက်ဖျားပေါ်တွင် ပါးအပ်လျက် မျက်လုံးများမှေးကာ
သီချင်း နားဆင်နေသည်။ဟန်သခင်လေးမှာ ပျင်းရိနေပုံပေါ်သော်လည်း ရုပ်ရည်ရူပကာ တင့်တယ်သည့်
အလျောက် ကြည့်ရမဆိုးဘဲ အများအလယ်တွင် ပို၍ပင်တောက်ပနေသည်။"ရွီရင်း အပေါ် ထပ်က ဘယ်သူလဲ ''
ဖုန်းကျန့် ဝင်ဝင်လာချင်း အပေါ် ထပ်က မေးထောက်ပြီး ပျင်းရိလေးတွဲစွာထိုင်နေသော သူကို မြင်၍ မေးလိုက်ခြင်း။
ထိုသူမှာအပြာရင့်ရောင် ဝတ်စုံ ကိုဆင်မြန်းထားပြီး မည်သူ့ကိုမှ ဂရုမစိုက်ဘဲ တစ်စုံ တစ်ရာ ကို လေးလေးနက်နက်တွေးတောနေဟန် မှာ မြင်သူတိုင်း ငေးမောရလောက်အောင် ချောလွန်းလှပါ ဘိ။
YOU ARE READING
Life Of A King And His Destiny (BL)(Own Creation)
Fantasyသူက ငါ့နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေတဲ့ မြှားတစ်စင်း လိုပဲ မင်းသာ အဲ့မြှားကို ငါ့နှလုံးသားထဲကနေ ဆွဲထုတ်လိုက်ရင် ငါ ဆက်ပြီး ရှင်သန်နိုင်မယ် မထင်ဘူး